ဘာစီလိုနာ ဖခင်ကြီး ဂၽြန္ဂမ္ဘာ
![]() |
Joan Gamper |
ဂၽြန္ဂမ္ဘာကို ၁၈၇၇ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာမွေးဖွားခဲ့ပြီး ဆွစ်လူမျိုးတစ်ဦးလည်း
ဖြစ်ပါတယ် ။ဒါပေမယ့် နောက်ပိုင်းမှာတော့ စပိန်းနိုင်ငံသားအဖြစ်ခံယူခဲ့ပြီး ယနေ့ခေတ် စပိန်ဘောလုံး
လောကအတွက်သာမက ၊ ကမ္ဘာ့ကလပ်အသင်းများတွင်ပါ ထိပ်တန်းအောင်မြင်မှုများရယူထားနိုင်စေသော
ဘာစီလိုနာအသင်းကို ထူထောင်ခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ် ။
ဂျွန် ဂမ်ဘာဟာ အသက်(၂၂)နှစ်အရွယ်မှာ သူ၏ ဇာတိမြေ ဆွစ်ဇာလန်မှ ၁၈၉၉ အောက်တိုဘာလတွင် ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ကာ၊ (၁၈၉၉ နိုဝင်ဘာ ၂၉ရက်) တွင် ဘာစီလိုနာ ဘောလုံးအသင်းကို အပျော်တမ်းကလပ် အနေနဲ့ စတင်ထူထောင်ခဲ့ပါတယ်..။
သူ၏ ဒေသမှ ဘောလုံးကလပ် Basel အသင်းအား နမူနာယူ၍ ဘာစီလိုနာအသင်းအား အပြာနှင့် အနီစင်းကို (Blaugrana) စတင် ဝတ်ဆင်စေခဲ့ပြီး၊ ထိုစဉ်မှစ၍ သူဟာ ကတ်တလန်သား တစ်ဦးကဲ့သို့သာ ပြုမှု နေထိုင်ခဲ့ပါတယ်..။
ဘာစီလိုနာကလပ်ကို စတင် တည်ထောင်ခဲ့တဲ့ ဂမ်ဘာဟာ ထူးချွန်တဲ့ ကစားသမား ( ၁၈၉၉-၁၉၀၃) အဖြစ် ထင်ရှားခဲ့ယုံသာမက ၊ ကလပ်၏ ဥက္ကဌအဖြစ် ၅ကြိမ် (၁၉၀၈ မှ ၁၉၂၅ထိ ၊ ကာလအတွင်း) ဘာစီလိုနာအသင်းအတွက် တာဝန်ကျေခဲ့သူလည်း ဖြစ်ပါတယ် ။ ထို့ပြင် သူဟာ les Corts ဂေါက်ကွင်းကို ကလပ်ပိုင်ကွင်းအဖြစ် အသုံးပြုနိုင်ဖို့ (ထိုစဉ်က စပိန်ငွေကြေး ) Peseta ၁သန်းကို ထည့်ဝင် မတည်ပေးခဲ့ပါတယ်..။
အသက် (၅၂)နှစ် အရွယ် ၁၉၃၀၊ ဇူလိုင် ၃၀ရက်နေ့မှာ စိတ်ကျရောဂါနှင့် မိမိကိုယ်ကို Suicide လုပ်ခဲ့တဲ့ ဂျွန် ဂမ်ဘာအတွက် နှစ်စဉ် ဇူလိုင်လ ၃၀ ရက်နေ့ရောက်တိုင်း ကလပ်မှ ဘာစီလိုမြို့တော်၏ Montjuïc အရပ်ဒေသမှာရှိတဲ့ ဂျွန် ဂမ်ဘာ အုတ်ဂူတွင် အောက်မေ့ ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းကို ပို့ဆောင်မြဲ ဖြစ်ပါတယ်..။
ဂျွန်ဂမ်ဘာ ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၆၆ ခုနှစ်မှာ ဘာစီလိုနာ ဥက္ကဌ Enric Llaudet လက်ထက်မှာ ကလပ်ပွဲစဉ်များမစတင်မီ နိုင်ငံတကာကလပ် အသင်းအချို့နဲ့ Joan Gamper ဖလားကို ယှဉ်ပြိုင်ကစား
စေခဲ့ပါတယ် ။ အနီးစပ်ဆုံးအနေနဲ့ ၂၀၁၃ ခုနှစ်မှာ ဘရာဇီးကလပ် ဆန်းတို့ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်
ဖြစ်ပြီး ဘာစီလိုနာ အသင်းက ၈ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ် ။ အဆိုပါ ပြိုင်ပွဲသက်တမ်းတလျောက်
ဘာစီလိုနာ အသင်းဟာ ၃၆ ကြိမ်အထိအများဆုံး ဗိုလ်စွဲထားနိုင်ခဲ့ပါတယ် ။
Joan Gamper Trophy |
![]() |
၂၀၁၃ ခုနှစ် Joan Gamper Trophy တွင်အကောင်းဆုံးကစားသမား မက်ဆီ |
Copa del Rey - 1911-12, 1912–1913, 1924–1925