27 May 2014
26 May 2014
Puyol, the captain of the Six Cups
ကားလ်စ်ပူယိုးလ်သည် ကလပ်မှတ်တမ်းတွင် သာမက၊ ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ ကလပ်အသီးသီး ၏ မှတ်တမ်းများထဲမှာပါ ဥိးစွာ သမိုင်းကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့တဲ့ ကပ္ပတိန်တစ်ယောက် ဖြစ်တယ်လို့ ယူဆ ရမှာပါ။ (၂၀၀၉) ခုနှစ်မှာ ခမ်းနားထည်ဝါစွာ ဖော်ကျူးခွင့်ရခဲ့တဲ့ 'sextet' လို့ ခေါ်တဲ့ လူ ၆ယောက် တီးခတ် ရတဲ့ သံစုံတီးဝိုင်းကြီး၏ တီးဝိုင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် တခြားမည်သည့်ကလပ်၏ ခေါင်း
ဆောင် တစ်ဦးတစ်လေမျှ ပူယိုးလ်ကဲ့သို့ အခွင့်အရေး မရရှိခဲ့၍ ဖြစ်ပါတယ်။
ဘယ်ဘောလုံးကလပ်မှ မစွမ်းဆောင်နိုင်သေးတဲ့ ၂၀၀၉ မှတ်တမ်း
" ဘယ်ဘောလုံးကလပ်မှ မစွမ်းဆောင်နိုင်သေးတဲ့ ၂၀၀၉ မှတ်တမ်း "
(မေလ ၂ရက်၊၂၀၀၉) ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးမှာ ၂-၆ အနိုင်ရလဒ်နဲ့ ပပ်က သူ၏ ပထမဦးဆုံး ကိုင်တွယ်တဲ့ ရာသီမှာပဲ မဟာပြိုင်ဘက် အသင်းအား အပြတ်သတ် ချေမှုန်းနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်အတွင်း ပူယိုးလ်၏ ဂိုးသွင်းအပြီး အောင်ပွဲခံပုံစံကတော့ ဖန်များရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့ ပုံရိပ်အဖြစ်နဲ့ ယနေ့ထိတိုင် ထင်ကျန်ရစ်နေဆဲပါ။
25 May 2014
XAVI
နံမည် အပြည့်အစုံ( Xavier Hernández Creus) လို့ ခေါ်ဝေါ်တဲ့ ရှာဗီကို ၁၉၈၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်
နေ့တွင် ဘာစီလိုနာ၏ Terrassa ဆိုတဲ့အရပ်မှာ မွေးဖွားခဲ့ပါတယ်။ လူငယ်အကယ်ဒမီ လာမာစီယာကို ၁၉၉၀ ၊ ဇူလိုင်လမှာ စတင်ရောက်ရှိခဲ့ပြီး ၁၁ နှစ်သား အရွယ်မှစ၍ လက်ရှိချိန်ထိ သူရဲ့ ကစားသမားဘဝ အားလုံးဟာ ကလပ်တစ်ခုတည်းမှာဘဲ အသုံးချ ကုန်ဆုံးစေခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
24 May 2014
GERARD PIQUE
ဂျရက် ပီကေးကို ၁၉၈၇ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဘာစီလိုနာမြို့မှာ မွေးဖွားခဲ့ပြီး စတင်မွေးဖွားစဉ် ထဲက ဘာစီလိုနာအသင်းရဲ့ မန်ဘာဝင်တစ်ဦးလည်း ဖြစ်ခဲ့သူပါ ။ လာမာစီယာကို ၁ဝနှစ်သား အရွယ်ထဲ က ရောက်ရှိခဲ့ကာ၊ တိုးတက်လာတဲ့ ခြေစွမ်းနှင့် အညီ လူငယ်အသင်း အဆင့်ဆင့်ကို ထူးချွန်စွာ ကျော်ဖြတ် ခဲ့နိုင်ခဲ့ပါတယ်။ ခြေစွမ်းတိုးတက်လာဖို့အတွက် သင်ကြားနေစဉ် ကာလများ အတွင်းမှာဘဲ ပီကေးဟာ သူရဲ့ အဓိကနေရာ ဖြစ်တဲ့ နောက်တန်း ခံစစ်ဗဟိုဇုံသာမက တခြား နေရာဇုံများမှာပါ အသင်းနဲ့ ကောင်းစွာ ပေါင်း စပ်နိုင်ပြီး ဂိုးများပါ သွင်းယူနိုင်တဲ့ အထိ ဂုဏ်သတင်း ကျော်ဇောခဲ့သူ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။
နှစ်ပေါင်း ၁၁၄နှစ်အတွင်း ဂျာမန် ကစားသမားများ
မှတ်တမ်းများအရ အသင်းစတင်တည်ထောင်ချိန်မှ စတင်၍ လွန်ခဲ့သော နှစ်ပေါင်း ၁၁၄နှစ်အတွင်း လက်ရှိချိန်ထိ ဂျာမန် ကစားသမား စုစုပေါင်း ၇ဦး ရှိခဲ့သည် .....
1) Udo Steinberg (1901-1910)
22 May 2014
21 May 2014
MARTIN MONTOYA
မာတင်မွန်တိုယာကို 1991 ဧပြီလ 14 ရက်နေ့မှာ ဘာစီလိုနာမြို့မှာ မွေးဖွားခဲ့ပြီး သူ့အသက်(၈) နှစ် အရွယ်မှာပဲ ဘာစီလိုနာအသင်းရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ဘာစီလိုနာရဲ့ တကယ့် ငယ်
မွေးခြံပေါက် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ် ။ လာမာစီယာမှာ နှစ်ပေါင်းအတော်ကြာ ကုန်လွန် ခဲ့ပြီး နောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့မှာ သူ့ရဲ့ ပထမဆုံး ပွဲထွက်ကစားခွင့်ကို ကိုပါ ကာတာလန်တာ ဆီးမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ UE Sant Andreu အသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး 2012 ဇူလိုင်လမှာတော့ အသင်းကြီးရဲ့ ကစားသမားအဖြစ် တရားဝင်ခန့်အပ်ခြင်းခံခဲ့ ရပါတယ် ။

နည်းပြသစ် အင်းနရစ်
Lucho လို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ နည်းပြသစ် အင်းနရစ်၏ ကလပ်နှင့် ကစားသမားဘဝ မှတ်တမ်း အပြည့်အစုံ..
အသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ်အတွက် ပွဲပေါင်း ၃၀၀ ပါဝင်ကစားခဲ့ပြီး ၁၀၉ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ LA LIGA(2) ၊ COPA DEL REI(2) ၊ CUP WINNERS CUP(1) ၊ SPANISH SUPER CUP(1) ၊ EUROPEAN SUPER CUP(1) စုစုပေါင်း ၇ခု ရယူနိုင်ခဲ့ကြောင်း သိရပါ တယ်..။

နည်းပြသစ် လူးဝစ် အင်းနရစ်
ထို့ပြင် ၊သူဟာ ကျွန်တော်တို့ရဲ့ အသည်းကျော် နည်းပြဖြစ်တဲ့ ပပ် ဂွါဒီယိုလာနှင့် အလားတူ အသင်းကြီးကပ္ပတိန်၊ လူငယ်ဘီ အသင်းနည်းပြ နဲ့ ယခု အသင်းကြီးနည်းပြ ဖြစ်လာကြောင်း ESPN ရုပ်သံဌာနက ပြောဆိုသွားခဲ့ပါသေးတယ်..။
20 May 2014
အတွေးစများ နှင့် ကခုန်ခြင်း

ဒီနေ့တော့ နံနက်စောစော
မိုးသံလေးတွေတစ်ဗျောဗျောမှာ အခန်းတံခါးပိတ် ၊ ကွန်ပြူတာရှေ့မှာ ကော်ဖီ ခွက်လေးအသာတင်လို့ ၊ တရားခွေလေးဖွင့် တော်တော်လေးအေးချမ်းတဲ့
နံနက်ခင်းလေးပါလားဗျာ။ လာလီဂါကလည်းပြီး ၊ ကမ္ဘာဖလားကလည်း မစသေးတော
နေရထိုင်ရတာပျင်းနေတယ်ဗျာ။ ပေခ်ျမှာလည်း သတင်းတင်ဖို့ လိုက်စုနေတာပိုပြီးခတ်လာပါရောလား ။ ဒါပေမယ့်
ကျွန်တော့်တို့အက်မင်တွေ အနေနဲ့တော့ ကိုယ်ပေခ်ျကို အားပေးတဲ့လူတွေ
မပျင်းအောင် တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားသွားမှာပါ။
ခုအချိန်ကစလို့ ကမ္ဘာဖလားနီးလာတယ်ဆိုတော့ ကမ္ဘာဖလားနဲ့ ပတ်သက်တဲ့ ဘာကာကစားသမားတွေရဲ့ သတင်းတွေကို မပျက်တင်ဆက်ပေးသွားမှာ ဖြစ်သလို ၊ အပြောင်းအရွှေ့ အလှုပ်အခပ်များ ၊ သတင်းထူး များကို ပေခ်ျပရိသက်များအနေနဲ့ ပေခ်ျကိုမမေ့သွားအောင် တင်ဆက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒီအတောအတွင်း လုပ်ဆောင်မယ့် အချက်လေးများပဲဖြစ်ပါတယ် ။ ပရိသက်များအနေနဲ့ သိလို ၊ အကြံပြုလို သောကိစ္စများရှိပါကလည်း ဝေဖန်မေးမြန်းနိုင်ပါတယ် (မည်သည့်ဖန်မဆို) ။ ကျွန်တော် တို့ Camp Nou Rhythm Page အနေနဲ့သာမက ဘာကာဖန်များအနေနဲ့ပါ ဘောလုံးဝါသနာတူ ပရိသက် များအဖြစ်သာ ခံယူရန်ဆန္ဒရှိပါတယ် ။
ကျွန်တော်တို့ဘာစီလိုနာအသင်းကတော့ ဒီရာသီမှာ ဆယ်စုနှစ်တစ်စုအတွင်းအဆိုးဝါးဆုံး ရာသီအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ ဆိုရတော့မှာပါ ။ ဖလားရခြင်း မရခြင်းဆိုတာထက် ပိုတဲ့အခြေအနေတွေကြောင့် အဆိုးရွားဆုံးရာသီလို့ ဆိုရတာဖြစ်ပြီး ဖလားလက်မဲ့ရာသီထက် ဒီရာသီမှာ အသင်းက အဓိက ကစား သမားတွေ အနားယူ ၊ ဒါဏ်ရာရ ၊ ထွက်ခွါသွား ဆိုတဲ့ခါးသီးတဲ့မြင်ကွင်းတွေ၊ အသင်းရဲ့ကြယ်ပွင့် ကစား သမား မက်စီရဲ့ ခြေစွမ်းကျဆင်မှုကြောင့် တစ်ဦးချင်းဆုဖလားတွေနဲ့ပါ ဝေးကွာနေတာတွေ ၊ တချို့ပွဲစဉ်တွေ မှာ ဘာကာဖန်တိုင်းနှစ်ချိုက်မက်မောရတဲ့ တီကီတာကာ ကစားကွက်ရသ မပေါ်လွင်တာတွေ လိုမျိုးထိခိုက် မှုတွေကြောင့်ပါ ဒီရာသီက ဖလားမရတာထက်
ဘာကာဖန်တစ်ယောက်အနေနဲ့ အဲ့ဒိအခြေအနေမျိုးကို ပိုခံစားစိတ်ထိခိုက်ရပါတယ် ။ ဒါ့အပြင် အသင်းရဲ့ ကံကြမ္မာကပါ ဒီနှစ်မှာအဆိုးဘက်ကိုပဲများနေတာတွေ့ရပြီး နေမာရဲ့ အရောင်းအ၀ယ်မသမာမှုကြောင့် အသင်းသိက္ခာကျခဲ့ရသလို ၊ ဥက္ကဌပိုင်းအထိ လှုပ်ခတ်သွားခဲ့ပါတယ် ။ ဒါ့အပြင် ဖီဖာရဲ့ဝေဖန်ပြစ်တင်မှုတွေ
ကြောင့် ဗီလိန်ဖြစ်ခဲ့ရပြီး ကစားသမားဝယ်ယူခွင့်ဆိုတာဒီရာသီပြီးရင်တောင် မတင်မကျမခြေအနေမှာရှိနေ ပါသေးတယ် ။ ဒါအပြင် နည်းပြဟောင်းဗီလာနိုဗာကွယ်လွန်ခြင်းက ဘာကာနဲ့ပတ်သက်နေတဲ့အတွက် ဒီနှစ်မှာ မြန်မာအယူအဆအရဆိုရင် နမ်နိမ့်နေတယ်ပဲပြောမလား ၊ ကံမွဲနေတယ်လို့ပဲဆိုရမလားပါပဲ။
ဒါပေမယ့် ကံဆိုး ၊ ကံကောင်းခြင်းဆိုသည်ထက် ပိုအရေးပါသည်က အလုပ်ဟုသာ ထင်မိပြီး အသင်းသာ အကောင်းဆုံး ဖျော်ဖြေမှုများပေးရန်သာ မျှော်လင့်ခဲ့သလို ဘာကာအနေနဲ့လည်း လာလီဂါ နောက်ဆုံးပွဲ စဉ် ရောက်သည့်အထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရာများကိုဖန်တီးပေးခဲ့သည့်အတွက် ဘာလိုပဲ ဖြစ်နေနေ အသင်းကို ကျေးဇူးတင်မိတာတော့ အမှန်ပါ။ နောက်ရာသီအတွက် ဘာစီလိုနာအသင်းမှာ အပြောင်းအလဲ
တွေ များစွာဖြစ်နေမှာတော့အသေအချာပါပဲ ။ တစ်ချက်ချင်းဆီကျွန်တော်အမြင် ပြောရရင်တော့.....
နည်းပြ
--------
ဘောလုံးတစ်သင်းအနေနဲ့ ဖလားရဖို့အဓိကလိုအပ်တာ နိုင်သင့်တဲ့ပွဲနိုင်ဖို့နဲ့ မရှုံးသင့်တဲ့ပွဲမရှုံးဖို့ပါပဲဒီစကားက ပေါ့ပေါ့လေးလို့ထင်ရပေမယ့် သေချာတွေးရင်ကျယ်ပြန့်ပါတယ် ။နိုင်သင့်တဲ့ပွဲဆိုတာ ကိုယ်ထက် အစစအရာရာအားနည်းတဲ့ အောက်သင်းတွေကို အနိုင်ရဖို့ပါ ။ မရှုံးသင့်တဲ့ပွဲမရှုံးဖို့ကျ အသင်းကြီးတွေကို အနိုင်မရတောင် သရေကစားဖို့ပါ ။
ဒါက အမှတ်ပေးဇယားကို သေချာလေ့လာရင်တွေ့နိုင်ပြီး
နိုင်သင့်တဲ့ပွဲတွေမှာ အမှတ်ရမယ် ၊ မရှုံးသင့်တဲ့ပွဲတွေမှာ နေရာတည်မြဲနေမယ့် သချာင်္သဘောတရားအတိုင်းပါပဲ ။
အချိန်တန်ရင် နိုင်သင့်တဲ့ပွဲကို အနိုင်မယူနိုင်ခဲ့တဲ့ အသင်းက အောက်ကိုအလိုအလျှောက် ရောက်သွားတာပါပဲ ။
ကျွန်တော်တို့ ဘာကာကိုဒီရာသီမှာလေ့လာမယ်ဆို မရှုံးသင့်တဲ့
ပွဲတွေမရှုံးပေမယ့် နိုင်သင့်တဲ့ပွဲတွေဖြစ်တဲ့ ဆိုဆီဒက် ၊ ဗယ်လာဒိုးလစ် နဲ့ ဂရန်နာဒါ တို့ကိုရှုံးခဲ့ခြင်းကပဲ ချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားတာပါ ။ ဘီဘာအို ၊ ဗလင်စီယာတို့ကို
ရှုံးခဲ့သော်လည်း နိုင်သင့်သောပွဲများတွင်ထည့်သွင်းသက်မှတ်မရပါ ။ ပြိုင်ဘက် အက်သလက်မှာ နိုင်သင့်သည့်ပွဲ တစ်ပွဲကိုသာ ရှုံးထားပြီး ( အယ်မာရီးယား) ၊ ရီရဲလ်မှာမူ နိုင်သင့်သည့်ပွဲများအားလုံးကို အမှားအယွင်း မရှိအောင်ပွဲခံထားသည်ကိုတွေ့ရသည် ။ သူ့အနေဖြင့်မရှုံးသင့်သောပွဲများဖြစ်သည့် အက်သလက် ၊ ဘာကာ ၊ ဆီဗီလာ တို့ကိုရှုံးထားမိသဖြင့်သာ ချန်ပီယံဆုလွဲခဲ့ခြင်းဖြစ်သည် ။ ( ဒီစာပိုဒ်ဖတ်ပြီး မသောက်ရသေးပဲ မူးကုန်ပြီထင်၏ )
ဒီရာသီမှာ ကျွန်တော်တို့ ဘာကာအနေနဲ့ နိုင်သင့်တဲ့ပွဲ ၃ပွဲအထိရှုံးခဲ့ရခြင်း၏ အဓိကတရားခံမှာနည်းပြကြောင့်ဟုသာ ကျွန်တော်စွပ်စွဲချင်တယ် ။ အသင်းကို ကစားအားအတင်အချလုပ်သည်ကိုသိပ်မတွေရသလို့ ၊ ကစားသမာတွေရဲ့စိတ်ဓာတ်ပိုင်း စိုးမိုးရာ၌လည်း အားနည်းလွန်းတယ်လို့မြင်မိတယ် ။ ဒါအပြင် အသင်း၏ခြံပေါက် နည်းပြမဟုတ်ခြင်းကြောင့်လည်း ဒါဏ်ရာကြောင့်အနားယူသော ကစားသမားများနေရာတွင် လူငယ်ကစားသမားအစားထိုးရာတွင် ထူးခြားမှုမရှိပဲ၊ သူ၏လက်ထက်တွင် လာမာစီယာထွက်များမှ
ခြေစွမ်းပြသော ကစားသမားမှာဘာထရာ တစ်ယောက်သာလောက်လောက်လားလားထွက်ပေါ်ခဲ့သည် ။ ဒါတောင် ပီကေးအခြေအနေကြောင့်သာမဟုတ်လျှင် သိပ်ပြီးသုံးမည့်
အခြေအနေမရှိပါ ။ မာတီနီု ဘက်မှပြန်ကြည့်လျှင်လည်း အပြစ်မဆိုသာချေ နည်းပြမှတ်တမ်း ဥရောပမှာမရှိ ၊ ကစားသမားအရှိန်အ၀ါမြင့်မားလှသော ဘာစီလိုနာတွင် သာမန်နည်းပြတစ်ယောက်အတွက် ဘယ်လိုမှ မမှီသဖြင့်သြဇာသက်ရောက်မှုပိုင်းမှာပါကွာခြားသည့်အပြင် ပြိုင်ဘက်နည်းပြတိုင်းလိုလိုမှ ကစားသမားကိုသာဂရုစိုက်သလိုဖြစ်နေပြီး နည်းပြ၏အခန်းကို မေ့ထားနိုင်လောက်သည်အထိ ပုံရိပ်မှေးမှိန်လှသော သူ့ကိုဥရောပအသင်းကြီးစာရင်းဝင်ဘာစီလိုနာကို ထိုးအပ်ခဲ့သည့် ဘုတ်အဖွဲ့ကိုပဲအပြစ်တင်ရမလို ။ အစောပိုင်း သတင်းများအရ မက်စီကိုယ်တိုင်ထောက်ခံသဖြင့် ခေါ်ရသကဲ့သို့ အသံထွက်ပေါ်ခဲ့သော်လည်း ၊ ထိုအချိန်တွင် နေမာ၏ တိုးတိုးတိတ်တိတ်ကိစ္စအားလူအများသတိမမူမိစေရန်သတင်းလုံး
လိုက်ခြင်းသာဖြစ်ကြောင်း ဘရာဇီးဂျာနယ်လစ်များကဝေဖန်ခဲ့ပါတယ် ။
ရာသီသစ်တွင်တော့ အသင်းအနေဖြင့် နည်းပြသစ်တစ်ယောက်သေချာပေါက်ခေါ်ယူမည်ဖြစ်ပြီး ၊ မည်သူရောက်မည်ဆိုသည်ကို အတတ်ပြောရခတ်သော်လည်း ရောက်မည့်
နည်းပြသည် ကိုယ်ပိုင် အိုက်ဒီယာရှိပြီး ကစားသမား နှင့် နည်းပြအချင်းချင်းလေးစားနိုင်လောက်တဲ့ အရည်အချင်းမျိုးပိုင်ဆိုင်တဲ့ နည်းပြတစ်ယောက်ဖြစ်မှသာ အဆင်ပြေနိုင်မှာပါ ။ လက်ရှိအချိန်တွင်တော့ ဘာစီလိုနာ ကစားသမားဟောင်း လူးဝစ် အင်းနရင် အသင်းကိုတစ်ကျော့ပြန်ရောက်ရှိမှာ ဖြစ်တဲ့ အတွက် အသင်းကို ကိုင်တွယ်
ရာမှာ နည်းပြဟောင်းမာတီနိုထက် အသင်းနှင့် ပိုပြီးအသားကျမည်ဟုထင်မိပြိး၊ အသင်းအပေါ်တွင် ခံစားချက်ထားရာတွင်လည်း ပိုမိုပြင်းထန်မည်ဟုယူဆရပါတယ် ။
ဂိုး
--
နောက်ရာသီမှာတော့သေချာပေါက် သွေးသစ်တွေ့ရမယ့်နေရာပါ ။ ၀ါရင့် ဂိုးသမား ဗဲလ်ဒက်က မိုနာကို ကိုပြောင်းဖို့သေချာသလောက်ရှိနေသလို ။ ပင်တိုအနေနဲ့လည်း အသင်းကနေထွက်ခွါမယ်လို့ဆိုပါတယ် ။ အဲ့ဒိအတွက် ဘာကာကလည်း ဂျာမနီဂိုးသမားလေး စတီဂန်ကိုခေါ်ယူထားပြီးဖြစ်ပါတယ် ။ ဒါပေမယ့် တစ်ယောက်တည်း နဲ့တော့ အဆင်မပြေသေးပါဘူး ဒီရာသီမှာလို ဗဲလ်ဒက်မထင်မှတ်ပဲ အနားယူရတဲ့အချိန်မှာ ဖလားတွေထိုင်ယူနေပြီး ဂိုးမဖမ်းရတဲ့ ပင်တို ၀င်ဖမ်းရတဲ့ အခြေအနေမျိုးတော့ မရောက်စေချင်ပါဘူး ။ အဲ့ဒိအတွက် ပွဲထွက်ဂိုးသမား ဒဏ်ရာရခဲ့ရင် အရန်ဂိုးသမားကလည်း အစွမ်းရှိဖို့လိုပါတယ် ။ လက်ရှိအနေနဲ့ အသင်းက မာလာဂါ ဂိုးသမား ကာဘယ်လီယို နဲ့ အက်သလက်ဂိုးသမား ကော်တိုရစ်ပါချိန်ရွယ်တယ်လို့ သတင်းတချို့ရှိပေမယ့် ကော်တိုရစ်ကတော့ သိပ်မသေချာလှပါဘူး ။ သူတို့ နှစ်ယောက်လုံးမလာရင်တော့ ဘာကာအနေ
နဲ့ဘယ် ဂိုးသမားတွေကို ခြေလှမ်းဦးမလဲ မသိနိုင်သလို အစောပိုင်း ကလပ်ကထုတ်ပြန်ထားသလို ဘာစီလိုနာ(ဘီ)က ဂိုးသမားလေး အော်တိုလာ ကိုခေါ်ယူမယ်သတင်းတွေထွက်ခဲ့ပေမယ့်
ခုလက်ရှိမှာတော့ ဘီအသင်းမှ ဂေါ်ဒီ မာဆစ် ကို ယူရို (၃၅) သန်းတန်စာချုပ်နဲ့ အသင်းကြီးကိုခေါ်ယူထားတယ်လို့ သိရပါတယ် ။
နောက်တန်း
------------
ဒီရာသီမှာကျွန်တော် အခံရအခတ်ဆုံးနေရာလို့ဆိုရပါမယ် ။ ရှုံးပွဲအတော်များများတွင် နေရာမမှန် ၊ လူမမှန်
သော အားနည်းချက်များကြောင့် ဘာကာပရိတ်သက်များ၏
ပျော်ရွင်ခြင်းများ ကို ဆိတ်သုန်းအောင်လုပ်ခဲ့သော နေရာဖြစ်ပါတယ် ။ ပူယိုးလ် တစ်ယောက် ဒဏ်ရာဖြင့် အနားယူချိန်တွင် ဖြည့်စည်းပေးရန် ဗဟိုခံစစ် ကစားသမား နည်းပါးလှသော ဘာကာ၏ ကစားသမားပြသနာမှာ သိသာစွာ အထိနာခဲ့ပါတယ် ။ ဘာကာမှာ တောင်ပံခံစစ် ကစားသမားများအဖြစ် အက်ဒီယာနို ၊ မွန်တိုရာ တို့ကို သုံးနိုင်သော်လည်း ဗဟိုခံစစ်နေရာအတွက်မူ အတိန်းအစောင်းခံနိုင်သော ကစားသမား မရှိခဲ့ခြင်းမှာ ပူယိုးလ်အပြင် ၊ ပီကေးပါ နာသောအချိန်တွင် ပိုသိသာလာခဲ့သည် ။ရာသီသစ်တွင် ပူယိုးလ်းမှာ အနားယူရန်သေချာနေပြီး ၊ အဲလ်ဗက် မှာလည်း အသင်းပြောင်းနိုင်ချေများနေတယ် ။ ပီကေးပြန်ပါလာနိုင်ပေမယ့် မာရှေရာနို လို ကွင်းလယ်အဖျက်
ကစားသမားကပါဝင်ကစားနေရတဲ့ နောက်တန်းမှာအားနည်းနေဦး
မည်ဖြစ်ပါတယ် ။
ဒါ့ကြောင့် အသင်းအနေနဲ့ ရာသီသစ်မှာ နောက်တန်းပိုင်းကို ပိုမို အားဖြည့်လာနိုင်ပါတယ် လက်ရှိမှာလည်း ဟမ်းမဲလ် ၊ ဗီဒယ် ၊ ဒေးဗစ်လုဇ် ၊ လာပေါ့တီ ၊ အဂ္ဂါ ၊ ကျူဒိုရာဒို တို့ကဲ့သို့ ကစားသမားများကို ချိန်ရွယ်နေကြောင်း သိရပြီး ရာသီသစ်မှာ ဘယ်သူရောက်မလဲ ဆိုတာထက် ခေါ်ယူမည့် ကစားသမား ၃ယောက်စလုံးမှာ
နိုင်ငံလက်ရွေးစင်အသင်းများတွင် ရွယ်ချယ်ခံရဖွယ်ရှိနေသော အဓိကကစားသမားများဖြစ်နေပြီး ၀ယ်ယူပြီးမှ ဒါဏ်ရာနှင့် စောင့်စားရမည့်အဖြစ်ကိုသာ ပိုပြီးစိုးရိမ်မိပါတယ် ။ ၀ယ်မယ့်စာရင်းမှာ တောင်ပံ့ခံစစ် ကစားသမား မပါဝင်နေတာကြောင့်လည်း အဲလ်ဗက်နေရာအတွက်ပါ ဆိုးရိမ်မိပါတယ် ။ ဒါ့အပြင် ဘာကာရဲ့ဗဟိုခံစစ် သမားရဲ့ အရည်အချင်းကတော်တော်မလွယ်လှပါဘူး တောင်ပံ ခံစစ်နှစ်ဖက်လုံးက အမြဲလိုလို တိုက်စစ်အားသန်နေတဲ့အတွက် တစ်ဖက်သအသင်းရဲ့ တန်ပြန်တိုက်စစ်ကို မာမာထန်ထန်တုန့်ပြန်တတ်ပြီး ခံစစ်မှာ အဓိက အားသာတဲ့ကစားသမားမျိုးက ပိုလိုအပ်တယ်လို့ ကျွန်တော့အနေနဲ့ မြင်မိပါတယ် ။ ပြီးတော့ တစ်ဖက် အသင်းရဲ့ ထောင့်ကန်
ဘောတွေရဲ့ ခြိမ်းခြောက်မှုကို အရပ်အမောင်းမြင့်မားပြီး မာမာထန်ထန် ကစားနိုင်တဲ့ဗဟိုနောက်ခဲလူမျိုးပိုလိုအပ်တယ်လို့ မြင်မိပါတယ် ။ ဒေစ်ဗစ်လုစ် ကို ဘာကာအနေနဲ့သတင်းတွေထွက်နေပေမယ့် မော်ရင်ဟို လက်ထက်မှာ ကွင်းလယ်အထိ ၀င်ကစားခိုင်းခံထားရတဲ့ ဒီကစားသမားရဲ့ အရှေ့တက်လိုမှု စိတ်ဓာတ်ကြောင့် ခေါင်းတက်တိုက်
တတ်နေတဲ့ ပီကေးကိုပါ တွဲဖက်မြင်ယောင်တဲ့အခါ ကျွန်တော့အနေနဲ့ ခံစစ်ကို ပိုဆိုးရိမ် မိပါတယ် ။ အဲ့ဒီနေရာမှာ နောက်တန်းတာဝန်ကို ပိုစိတ်ဝင်စားတဲ့ ဟမ်းမဲလ် ၊ လာပေါ့တီ တို့ကို ပိုမိုတောင်းတမိပါတယ် ။
ကွင်းလယ်

-----------
ဇာဗီး အသက်အရွယ် ရလာမှုကြောင့် အနည်းငယ်အင်အားလျှော့ခဲ့ရပြီး အင်နီယေစတာ နှင့် ဘတ်စကွက်တို့ အနည်းငယ် အလုပ်ပိုရှုပ်ခဲ့ရသည့် နှစ်တစ်နှစ်ဟု
ဆိုရမှာပါပဲ ။ ပြီးခဲ့သည့်နှစ်က ခံစစ်ပိုင်းပြသနာ အရမ်းမကြီးခဲ့လို့ ကွင်းလယ်မှာ ဖျက်အားကောင်းကောင်းကစားတတ်တဲ့ မာရှေရာနိုတစ်ယောက် ခံစစ်ဆင်းကစားနေ
ရတာတွေက ဘတ်စကွက်ကို ပိုပြီး ပင်ပန်းစေခဲ့ပါတယ် ။ ဖာဘရီဂတ် လည်းကစားချိန်ပိုမိုရပြီးထောက်ပံ့မှုတွေလုပ်နိုင်ပေမယ့် အသင်းအတွက်တော့ လိုအပ်ချက်ကို
ပြည့်မီအောင် စွမ်းဆောင်ရာမှာအားနည်းချက်တွေ ရှိခဲ့ရပါတယ် ။ တချို့ပွဲစဉ်တွေမှာ တီကီတာကာ ပျောက်ဆုံးနေသည့်အထိ ၀မ်းနည်းစရာကောင်းလှတဲ့ပွဲတွေကို
ကျွန်တော်တို့ ချန်ပီယံလိဂ် မှာရော ၊ လာလီဂါ ပီခါနီးပွဲတွေမှာပါ တွေ့ကြုံခဲ့ရတာတော့ အားလုံးသတိထားမိမှာပါ ။ ဒါ့အပြင် ရာသီသစ်အတွက် ကွင်းလယ်ပိုင်းမှာ
ဇာဗီးကို အချိန်ပိုင်းဆုံးရှုံးနိုင်သလို့ ဖာဘရီဂတ် ကိုတော့ သေချာပေါက်နီးနီး တွေ့ဆုံရဖို့ကမရှိတော့သလောက်ပါပဲ ။
ဒီလိုနေရာမျိုးတွေကို ပုံမှန်ပြုပြင်ဖြည့်တင်းဖို့ အသင်းအနေနဲ့ ကွင်းလယ် ကစားသမားတွေကိုလည်း ပစ်မှတ်ထားနေတာ အားလုံးအသိပါ ။
တချိန်ကခေါ်ယူဖို့ ကြိုးစားဖူးတဲ့ မာတီးနက်ဇ်(ဘိုင်ယံ) ၊ အိုဇေး ၊ မာကိုစ့်ရူစ် ၊ အစရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားထားပါတယ် ။ ဒါပေမယ့် ကွင်းလယ်ပိုင်းကလည်း မဖြည့်စီးလို့ မဖြစ်တဲ့နေရာမှာ ရှိနေသေးပေမယ့် ဘာကာပရိသက်တိုင်းနှစ်သက်တဲ့ တီကီတာကာ ကိုပိုမိုမြင်တွေ့လိုတယ်ဆိုရင်တော့ အဲဗာတန်မှာ ကစားနေတဲ့ ဒယ်လိုဖျူ
တို့လိုလာမာစီယာ ကျောင်းတော်ဖွားတွေနဲ့ ခေတ်တစ်ခေတ်ပြန်လည်ထူထောင်တာက ပိုပြီးသင့်တော်နိုင်ပါတယ် ။ သေချာ ဆန်းစစ်ရင်တော့ ကွင်းလယ်ပိုင်းအနေနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး လုပ်စရာမလိုအပ်သေးတဲ့ နေရာလို့ယူဆပါတယ် ။
တိုက်စစ်
-----------
ဂိုးသမား ၊ နောက်တန် ပြီးရင် ကျွန်တော် အဆိုးရိမ်ဆုံးနေရာပါ ။အဲ့လိုပြောလို့ မက်ဆီကို မယုံ ၊ နေမာကို အထင်သေးတာမဟုတ်ပါ ၊ လက်ရှိမှာ အဓိက တိုက်စစ်အတွက်
လှုပ်ရှားနေတာ မက်ဆီ ၊ နေမာ ၊ ဆန်းချက် ၊ တယ်လို ၊ပီဒရို တို့ကို အသုံးပြုနေပါတယ် ။ ဒါပေမယ့် အဲ့ဒိတိုက်စစ်ပိုင်းမှာ နေမာတစ်ယောက် ကတသီးတသန့် ဆန်အောင် ကစားနေရသလိုဖြစ်နေပြီး အသင်းမှာရှိတဲ့ ဘယ်တိုက်စစ်မှူးနဲ့ မှ ကောင်းကောင်းတွဲ မကစားနိုင်ခဲ့ပါဘူး ။ မက်စီနဲ့ နေမာ နှစ်ဦးလုံး ကစားရင် နေမာတစ်ယောက် ဘယ်တောင်ပံ ဧရိယာ အစပ်မှာ တိုင်ပတ်နေတာက နည်းပြရဲ့ လိုအပ်ချက်ပေလားလို့ သံသယဖြစ်မိပါတယ် ။ အဲ့ဒိ ပြသနာအပြင် မက်ဆီ ဒဏ်ရာရတတ်တဲ့
ရာသီအစောပိုင်းကာလမျိုးတွေအတွက် ဆိုးရိမ်မိတာပါ ။ ဒါ့အပြင် တိုက်စစ်မှူး ဆန်းချက်ကိုလည်း ဂျူဗင်တပ် ကစိတ်ဝင်စားနေပြီး ၊ တယ်လိုကိုလည်း စိတ်ဝင်စားနေ
တဲ့အသင်းတွေရှိနေတဲ့အတွက် တိုက်စစ် ပိုင်းမှာ အဓိက တိုက်စစ်မှူး တစ်ယောက်နာယုံနဲ့ တော်တော်လေး အခတ်တွေ့နိုင်တဲ့ နေရာအဖြစ်ထင်ထင်ရှားရှားကြီး ဖြစ်နေပါတယ် ။ ဒါ့ကြောင့်လည်း အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးတစ်ဦးဖြည့်တင့်ဖို့ကို ရာသီသစ်အစီအစဉ်ထဲမှာ တစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ် ။ အာဂျင်နွယ်ဖွား အဂူရို
ကို စိတ်ဝင်စားတယ်လို့ သတင်းထွက်ခဲ့သော်လည်း ကစားသမားကိုယ်တိုင် စိတ်မပါသဖြင့် အပြောင်းအရွှေဖြစ်ပေါ်လာဖို့က တော်တော်လေး နည်းပါတယ် ။ အသင်းအနေ
ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက် ၊ လီဗာပူး တိုက်စစ်မှူး ဆွာရက် ကိုပါ ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေသော်လည်း သတင်းတွေက ရေရာမှုမရှိလှပါဘူး ။
အဲ့ဒီလို မသေချာတဲ့ တိုက်စစ်ပိုင်းခေါ်ယူမှုတွေသာရှိနေတဲ့ အခြေအနေမှာ ဆန်းချက်ကိုပါ ရောင်းထုတ်လိုက်မယ်ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်က အရံအင်အားဟာအတော်လေးအားနည်းသွားမှာကတော့ သေချာသလောက်ပါ ။ ဒါ့အပြင် အသင်းရဲ့ စိတ်ဝင်စားမှုခံထားရတဲ့ ကစားသမားတွေကလည်း လက်ရှိဆိုင်ရာကလပ်တွေမှာ
နေရာရ ကစားသမားတွေ ဖြစ်နေတာကြောင့်လည်း အပြောင်းအရွှေ့ဖြစ်ပေါ်ရင်တောင် ဘဏ္ဍာရေး ကြီးထွားမှုကို တွေ့လာရမယ့်ပုံပါပဲ ။ တိုက်စစ်ပိုင်းခေါ်ယူ ရာမှာ
နာမည်ကြီး ၊ ပုံမှန်ပွဲထွက် ကစားသမားဆိုရာထက် ဘာကာလိုအသင်းအနေနဲ့ အသင်းနဲ့ အံဝင်မယ့်ကစားသမားကို အရွေးမမှားဖို့ကပိုအရေးပါမယ်လို့ထင်ပါတယ် ။
အရွေးမှားလို့ အီဗရာဟီမိုဗစ် ရဲ့ အသင်းအပေါ် အမြင်မကြည့်တဲ့ အပြောတွေနဲ့ အသင်းကနေပြန်လည်ရောင်းချခဲ့ရတဲ့ အဖြစ်တွေကို သာဓက ဖြစ်ခဲ့ရပြီး ။ တန်ဖိုးရှိခဲ့တဲ့
ခေါ်ယူမှုမျိုးမှာဆိုရင် ဒေးဗစ်ဗီလာ ပါဝင်တယ်လို့ မြင်မိပါတယ် ။ အသင်းရဲ့ တိုက်စစ်ပိုင်းခေါ်ယူမှုကလည်း အပြောင်းအရွှေ့ရာသီမှာ စိတ်ဝင်စားစရာ အဖြစ်ရှိနေဦးမှာပါ ။
အသင်း ဥက္ကဌ ဘာတိုမြူ အနေနဲ့လည်း ယူရို သန်း၁၂၀ အထိ အသုံး

ပြုပြီး အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်မယ်လို့ ကတိက၀တ်တွေ ရှိထားတဲ့ အတွက်
တော်ရုံတန်ရုံ ဘော်လုံးအသင်းအတွက် ဘောလုံးကွင်းတစ်ကွင်း ကို
တည်ဆောက်နိုင်လောက်တာထက်ငွေပိုသုံးထားတာ ဖြစ်တဲ့အတွက် မဆိုးဘူးလို့
ဆိုလို့ရပါတယ် ။
ဘယ်လိုပဲဖြစ်နေနေပါ ကျွန်တော့ အနေနဲ့
ကိုယ်တစ်ယောက်တည်း အမြင်ကို ဖွင့်ချမိတဲ့အတွက်
အမှားတွေအများကြီးပါနိုင်ပါတယ် ။ ဒါပေမယ့် သေချာတာတစ်ခုကတော့
အသင်းကို
တန်ဖိုးထားတဲ့ စိတ်ကြောင့်ဒီလိုအမြင်တွေ ဖြစ်ကုန်တာလို့ပဲ
ဆင်ခြေပေးပါရစေတော့ ..။ လာမယ့် အပြောင်းအရွှေ့ရာသီမှာ အသင်းရဲ့ကစားသမား
ဝယ်ယူမှုက
ကိုယ်ထင်မြင်ထားတဲ့ ကစားသမားတွေ ဖြစ်မဖြစ်
ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပြီး ၊ ရာသီသစ်မှာ အသင်းအနေနဲ့ အောင်မြင့်မှုတွေ
ပြန်လည်ဆောင်ယူနိုင်မယ်လို
မျှော်လင့်လျှက် .......ဘာကာ...ဘာကာ....ဘာကာ
ကျွန်တော်သိသော ကားလက်စ်ပူယိုးလ်
ကာလက်စ်ပူယိုးလ်. . .။
ဘာစီလိုနာအသင်းရဲ့ အသည်းနှလုံး ၊
ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ တစ်ယောက် ။ ဘာစီလိုနာ အသင်းမှာ
နှစ်ပေါင်းများစွာ ကစားခဲ့ပြီး ဘာကာရဲ့ စံချိန်တင် အောင်မြင်မှုတွေ
ရရှိခြင်း၌လည်း.အဓိက ကစားသမားတစ်ဦး အဖြစ် ပါဝင်ခဲ့တယ်.။ အသင်းရဲ့
သမိုင်းတစ်လျှောက် အောင်မြင်မှု အရှိဆုံး အသင်းခေါင်းဆောင်အဖြစ်
မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဘာစီလိုနာပွဲထွက် 11ယောက်စာရင်းမှာ သူ့နာမည်ပါရင်
ဘာကာနဲ့ သတ်ဆိုင်တယ့် သူတွေ အားလုံး( အသင်း၊ ကစားဖော်၊ ပရိသတ်) ကို
စိတ်အေးရစေပြီး ပြိုင်ဘက်အသင်းနဲ့ ပတ်သတ်သူတွေကို
ထိတ်လန့်သွားစေရလောက်တယ့်အထိ သူ့အစွမ်းက ထင်ရှားခဲ့ပါတယ်.။ အယ်လ်ကလပ်စီကို
ပွဲတွေမှာ သူ ပါရင် စီရော်နယ်ဒို လှုပ်လို့မရသလောက်ဘဲ
လို့ပြောစမှတ်ပြုရတယ့် သူ့အစွမ်းက 1999 ကနေ ယနေ့ 2012 ထိ အရေးပါဆဲ ။
16 May 2014
စကြာဝဠာ အကောင်းဆုံး အသင်း၏ အစဦးကာလများ
ဘာစီလိုနာ၏ သမိုင်းတစ်ခု။ ။ 1922-1957 ( ဒုတိယပိုင်း) ဒီကာလဟာ အသင်းရဲ့ ကွင်းဟောင်း လပ်စ်ကော့တ်စ် ကွင်းကနေ ကွင်းသစ်ကြီး ကမ့်နူးကို မပြောင်းခင် ကာလပါ.။ 1922 မှာ တရားဝင်စတင်ဖွင့်လှစ်ခဲ့တယ့် လပ်စ်ကောတ့် ကွင်းဟာ ဘာကာ ရဲ့ ရွှေခေတ် တစ်ခုဖြစ်တယ့် 1919-1929 ကာလမှာ အဓိကပါဝင်နိုင်ခဲ့ပါတယ်။
မင်္ဂလာသတင်း နှင့် နံနက်ခင်း
ဘာစီလိုနာသည် လီယိုမက်ဆီနှင့် သက်တမ်းတိုး
စာချုပ်အတွက် အလုံးစုံ သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ လာမဲ့ ရက်အတွင်း၌
လက်မှတ်ရေးထိုးတော့မှာ ဖြစ်တယ်လို့ အသင်းက တရားဝင်ကြေညာလိုက်ပါပြီဗျာ...
PS.. စာချုပ်ပါ အချက်အလက် အသေးစိတ်ကိုတော့ အသင်းက တရားဝင် ပြောဆိုခြင်း မရှိသေးပါ ။

Subscribe to:
Posts (Atom)