မှတ်တမ်းများအရ အသင်းစတင်တည်ထောင်ချိန်မှ စတင်၍ လွန်ခဲ့သော နှစ်ပေါင်း ၁၁၄နှစ်အတွင်း လက်ရှိချိန်ထိ ဂျာမန် ကစားသမား စုစုပေါင်း ၇ဦး ရှိခဲ့သည် .....
1) Udo Steinberg (1901-1910)
အောက်ပါ ပုံ၊ အောက်ဆုံးလိုင်း၏ ဘယ်ဘက် (၂) ယောက်မြောက်က Udo Steinberg ဖြစ်ပါသည်။
2) Berger (1906-1908)
စတိန်းဘတ်နှင့် မရှေးမနှောင်းမှာ အသင်းကို နောက်ထပ်ရောက်ရှိလာတဲ့ ဂျာမန်ကစားသမား တစ်ဦး ကတော့ Berger ဖြစ်ပါတယ်။ အစောပိုင်း ဘာဆာမှတ်တမ်းများအရ၊ ဂျာမန် ကစားသမား၃ဦးက အတူ အတကွ တစ်ချိန်တည်း ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်..။3) Muller (1908-1910)
သူသည် အသင်းမှာ (၂)ရာသီတည်းသာ ကစားခဲ့ရတယ်ဆိုပင်မဲ့ သူတို့ဟာ ယနေ့ချိန်ထိ ခြေဖျက်နိုင်ခြင်း မရှိသေးတဲ့ အမှတ်တရများကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မူလာ၊ ဘာဂါ ၊ စတိန်းဘတ် ဆိုတဲ့ ဂျာမန် ၃ ဦး ဘာစီလိုနာ တပ်ဖွဲ့မှာ ရှိခဲ့စဉ်ခါကပေါ့..။4) Emyl Walter (1924-1931)
နောက်ထပ် ၁၄နှစ် ကြာညောင်းချိန်ထိ ဂျာမန်များ ဘာဆာဂျာစီကို မဝတ်ဆင်တော့တဲ့ အနေစိမ်းခဲ့မှုများ ကို ဝေါ့တာက ပြန်လည် ချိုးဖေါက်ခဲ့ပါတယ်။ သူဟာ အသင်းမှာ ၈ ရာသီ ဖြတ်သန်းနေထိုင်ခဲ့ပါတယ်..။
5) Bernd Schuster (1980-88)

ဂျာမန်ကလပ် ကိုလုံး ကနေပြောင်း
ရွှေ့လာတဲ့ ဘန်ရှုးစတားဟာ
ဘာဆာဂျာစီကို ဝတ်ဆင်ခဲ့တဲ့ ဂျာမန် ကစားသမားတွေထဲမှာ သံသယမရှိ အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါ
တယ်။ အသင်းမှာ ၈ ရာသီ ကစား
ပေးခဲ့ပြီးနောက် မဟာပြိုင်ဘက် ရီးရဲလ် ကို ရောက်ရှိသွားခဲ့ပါတယ်..။
6) Rober Enke (2002-2003)
သူဟာ ဘင်ဖီကာမှနေ၍ ၂၀၀၂ မှာ ရောက်ရှိလာခဲ့တဲ့ ဂိုးသမားတစ်ဦးပါ။ တစ်ရာသီတည်းသာ ကစားခဲ့ရပြီး ကမ့်နူးမှာ ကံမကောင်းခဲ့ဘူးလို့ ဆိုနိုင်ပါတယ်..။
7) Ter Stegen (2014)

ဆက်ခံသူ အဖြစ်နဲ့ ကြီးမားတဲ့ စိန်
ခေါ်မှုများ ဆီးကြိုနေသူ တစ်ယောက်
ဖြစ်ပါတယ်။ ဘာဆာသမိုင်း၏ အ
ကောင်းဆုံး ဂိုးသမား ရဲ့ နေရာကို
အစားထိုးခဲ့ဖို့ ၂၀၁၄ နွေမှာ ရောက်
ရှိလာခဲ့တဲ့ တယ်စတီဂန်ဟာ ကလပ် မှတ်တမ်းများအရ ၇ဦးမြောက် ဂျာမန် ကစားသမား ဖြစ်ခဲ့ကြောင်း သိရှိရသည်..။
No comments:
Post a Comment