27 May 2014

Alen Halilovic ဘာကာကစားသမားဖြစ်ပြီ

Halilovic
ခရိုအေးရှန်း ကွင်းလယ်လူငယ်လေး ဟာလီလိုဗစ်ဟာ ဒီနေ့နေ့လည်တွင် ၂၀၁၉ထိ အသင်းမှာ ၅ နှစ်တာ ရှိနေမဲ့ သဘောတူစာချုပ်၌ အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါပြီ။ အဲလန်ဟာ လာမဲ့ ဇွန်လ ၁၈ ရက်နေ့ က စပြီး ဘာဆာဘီမှာ ကစားရမှာ ဖြစ်ပါတယ်။


ပြောင်းရွှေ့ကြေး ယူရို 2.2 သန်း နှင့် တိုးတက်လာမဲ့ ခြေစွမ်းပေါ် မူတည်၍ တိုးမြှင့်ခံစားခွင့် ရရှိမဲ့ အချက် အလက်များနှင့် ပြီးခဲ့တဲ့ မတ်လ ၂၇ရက်နေ့မှာ စတင်သဘောတူညီမှု ရခဲ့တာ ဖြစ်တယ်လို့ အသင်းက တရားဝင် ကြေညာခဲ့ပါတယ်။

ဟာလီလိုဗစ်က " ဘာကာကိုပြောင်းရွှေ့ခွင့် ရတဲ့နေ့ဟာကျွန်တော့ အတွက် အပျော်ဆုံးနေ့ပါပဲ ။ ဘာကာ အကြောင်းတွေကို အများကြီးလေ့လာထားပြီး ဘာစီလိုနာရဲ့ ထာဝရပရိသတ်တစ်ဦးထဲမှာ ကျွန်တော်လည်း ပါပါတယ် ။ ကျွန်တော် ကတ်တလန် စကားကိုလည်းနည်းနည်းတော့ ပြောတတ်နေပါပြီ " ဟု ဆိုသွားခဲ့ပါ တယ် ။
ဘာစီလိုနာမှ ကြိုဆိုပါတယ် Halilovi

ကြည့်ရှုရန်  

No comments: