၁၉၈၄ ခုနှစ် မေလ ၁၁ရက်နေ့၊ စပိန်နိုင်ငံ Fuentealbilla (Albacete) မြို့မှာ မွေးဖွားခဲ့တဲ့ အင်နေစ္စတာဟာ ဇာတိမြို့တွင် ကစားနေစဉ်မှာ ကလပ်ကင်းထောက်များ၏ ရွေးချယ်ခဲ့မှုနဲ့ လူငယ်အကယ်ဒမီကို ၁၉၉၆ ခုနှစ်၊ အသက် ၁၂နှစ် အရွယ်မှာ စတင် ရောက်ရှိလာခဲ့ပါတယ်။
စတင်ရောက်ရှိခဲ့ချိန်မှ စ၍ လူငယ်အသင်း
အဆင့်ဆင့်ကို လျှင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ၂၀၀၀-၀၁ ရာသီ မှာ ဘာဆာဘီ
အသင်းကို ရာထူးတိုး ရောက်ရှိလာခဲ့ကာ၊ ချက်ချင်းဆိုသလိုပဲ ဘီအသင်းနည်းပြ
Josep Maria Gonzalvo ရဲ့ လက်အောက်မှာ အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ် လာခဲ့ပါတယ်။
အန်းဒရက်စ်ရဲ့
ရည်မှန်းချက်ဖြစ်တဲ့ အသင်းကြီးမှာ ပါဝင်ကစားခွင့်ကို ၂၀၀၂ ခုနှစ်၊
အောက်တိုဘာလ၏ ဘယ်လ်ဂျီယံ နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ Bruges အသင်းနှင့်
ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့ပါတယ်။ နည်းပြ ဗန်ဂေါလ် ရဲ့ ဘာဆာအသင်းဟာ
အဲ့ဒီပွဲစဉ်မှာ အနိုင်ရခဲ့ပြီး၊ အန်းဒရက်စ်ဟာ အထူးကောင်းမွန်တဲ့
မှတ် ချက်ချနိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။
အန်းဒရက်စ်ဟာ ယင်းအချိန်က
အသင်းသားများနဲ့အတူ သူရဲ့ သံသယံ မရှိ ထူးချွန်တဲ့ ဘောလုံးစွမ်းရည်
ဖြင့် ကောင်းစွာပေါင်းစပ်နိုင်ခဲ့လို့သာ နေရာတစ်ခုကို ကြိုးစားမှု ရလဒ်အဖြစ်
တည်ဆောက်နိုင်ခဲ့တာ ဖြစ် တယ်လို့ ယခုချိန်မှာ ပြန်ပြောင်း မှတ်မိနေပါတယ်။
ထိုစဉ်က အသင်း၏ အဓိကဒေါက်တိုင် ကစားသမား တချို့ရဲ့ လောင်းရိပ်အောက်မှာ
ရှိနေတာတောင်မှ၊ ၂၀၀၄-၀၅ ရာသီ၌ အသင်းအတွက် လိဂ်ဖလားကို ရယူပေးခဲ့စဉ်က
အန်းဒရက်စ်ရဲ့ စွမ်းဆောင်ခဲ့မှုဟာ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့ပြီး၊
နည်းပြ ရီကာ့ဒ်ရဲ့ အသုံးပြုမှု အများဆုံး ကစားသမားအဖြစ်နဲ့ လိဂ်ပွဲစဉ်
စုစုပေါင်း ၃၈ပွဲမှာ ၃၅ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ထို့ပြင် ဥရောပ
မျက်နှာစာမှာလည်း ၈ပွဲ ကစားခဲ့ပြီး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
သို့သော်၊
သူရဲ့ တကယ့် တရားဝင် အသင်းကြီးကစားသမားဘဝကတော့ ၂၀၀၅-၀၆ ရာသီမှသာ
ဖြစ်တည် လာခဲ့ပါတယ်။ဒူးခေါင်းအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ကာလရှည်
အနားယူသွာရတဲ့ ရှာဗီရဲ့နေရာမှာ အစား ထိုး ကစားပေးခဲ့ရတဲ့ အင်နေစ္စတာဟာ အသင်းက
ချန်ပီယံလိဂ်နှင့် လာလီဂါဖလား သိမ်းပိုက်နိုင်ခဲ့တဲ့
အောင်မြင်မှုခရီးမှာ
အဓိက အချက်အချာကျတဲ့ ကစာသမား ဖြစ်လာပါတော့တယ်။သူဟာ ၎င်းရာသီမှာ လိဂ်ပွဲ
၃၃ပွဲနဲ့ ချန်ပီယံလိဂ် ၁၁ပွဲ ကစားခဲ့ရပါတယ်။
၂၀၀၆-၀၇ ရာသီမှာလည်း
အန်းဒရက်စ်ရဲ့ ခြေစွမ်းဟာ ဆက်လက် တိုးတက်နေဆဲဖြစ်ပြီး ဖရန့်ခ် ရီကာ့ဒ်ရဲ့
အသုံးပြုမှု အများဆုံး ကစားသမား တစ်ယောက်အဖြစ် တည်ရှိလာခဲ့ပါတယ်။ ၆ဂိုး
သွင်းယူနိုင်ခဲ့ပြီးစုစုပေါင်း လိဂ်ပွဲ ၃၈ပွဲမှာ ၃၇ပွဲ
ပါဝင်ခွင့်ရခဲ့တာမို့လို့ သူရဲ့ ပွဲထွက်ခွင့် အများဆုံးကာလ
ဖြစ်ခဲ့ရပါတယ်။ ၂၀၀၇-၀၈ ရာသီမှာတော့ လက်ရှိ ဝတ်ဆင်နေတဲ့ ကျောနံပါတ်
(၈) ကို တရားဝင် ပိုင်ဆိုင်ခဲ့ပါပြီ။ ၎င်းကွင်းလယ်ကစား သမားလေးဟာ ရာသီပြီးဖို့
ပွဲအနည်းငယ်ခန့်အလို၊ ဒူးခေါင်း ဒဏ်ရာကြောင့် အနားယူလိုက်ရတဲ့ အချိန်မှ လွဲ၍
အစောပိုင်းပွဲစဉ်တွေမှာ တောက်လျှောက် ကွင်းအတွင်း ရှိနေခဲ့ပါတယ်။
၂၀၀၈-၀၉
ရာသီမှာတော့ သူဟာ ပို၍တောင် ကောင်းလာပါသေးတယ်။ ကွင်းလယ်နေရာမှာ
ကစားနေရင်း နဲ့ သူ့ရဲ့ တဖက်လူ ခြေထောက်ကြားထဲမှ အံ့အားသင့်ဖွယ်
ဘောလုံးသယ်ထုတ်သွားနိုင်တဲ့ စွမ်းရည်များနှင့် (dribbling) တကမ္ဘာလုံးကို
စံပြအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျေနပ်နှစ်သိမ့်မှု ပေးနိုင်ခဲ့ပါတယ်။
တဖြေးဖြေး နဲ့ သူဟာ ဘာဆာအသင်းရဲ့တိုက်စစ်မှာ အခြေခံမရှိမဖြစ် လိုအပ်တဲ့
အင်ဂျင်စက် တစ်လုံးသဖွယ် တိုးတက်
ပြောင်းလဲလာခဲ့ပြီး ဥရောပ မျက်နှာစာ၏
စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးအကျော့ ဆီမီးဖိုင် နယ်
ပွဲစဉ်နှင့် ရောမမြို့၌ ပြုလုပ်ခဲ့တဲ့ ဖလားလုပွဲတွေမှာ သူရဲ့
ကျော်ကြားခဲ့တဲ့ ဂိုးတွေကို အသင်းအတွက်
ဆောင်ကြဉ်းပေးခဲ့ပါတယ်။
၂၀၀၉-၁၀
ရာသီ ရောက်လာချိန်မှာတော့ အန်းဒရက်စ်ဟာ ဒဏ်ရာ ပြသနာ ရှိခဲ့ပင်မဲ့လည်း
အသင်းကို ဦးဆောင်သူ ကစားသမားတွေထဲမှာ တစ်ယောက် အပါအဝင်အဖြစ်နဲ့ သူက
ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ လိဂ်ပွဲစဉ် ၂၉ပွဲ၊ ချန်ပီယံလိဂ် ၉ပွဲနဲ့
ဘုရင့်ဖလားပွဲစဉ် ၃ပွဲ သူ ကစားပေးခဲ့ပါတယ်။ ထို့နောက်တွင်
နိုင်ငံ အသင်း အတွက်ပါ ပြောင်မြောက်စွာ ဖျော်ဖြေမှုများ
ပေးနိုင်ခဲ့တဲ့အတွက် (ကလပ်နှင့် နိုင်ငံ) ပူးတွဲ စွမ်း
ဆောင်နိုင်ခဲ့မှုတွေကြောင့် သူဟာ ကမ္ဘာ့ ဒုတိယ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတော့ တယ်။ ၂၀၁၀-၁၁ ရာသီ မှာတော့ အန်းဒရက်စ်ဟာ
ဒဏ်ရာကင်းစင်းစွာနဲ့ သူရဲ့အကောင်းဆုံးတွေကို ပြန်ရ ခဲ့ပြီး နောက်ထပ်
လာလီဂါဖလားနဲ့ နောက်ထပ် ချန်ပီယံလိဂ်ဖလား ၂လုံးကို ရရှိအောင် အသင်းကို
ကူညီ
ပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်း ပွဲ၅၀ ကစားခဲ့ရပြီး ၊ ဒုတိယမြောက်ပွဲထွက်အများဆုံးကာလ ပြန်ဖြစ်ခဲ့ရပါတယ်။
ကလပ်
သမိုင်းမှတ်တမ်းအရ အင်နေစ္စတာသည် ၁၀ယောက်မြောက် ကစားသမားအဖြစ် ၊ ၂၀၁၂ ဧပြီလ
၁၄ ရက်နေ့မှာ ယှဉ်ပြိုင်တဲ့ လီဗန်တေးနဲ့ပွဲစဉ်မှာ ပွဲထွက် ၄၀၀
ပြည့်မြောက်ခဲ့ရပါတယ်။ နောက်တပတ် အကြာ ဧပြီ ၂၁ရက်နေ့မှာ အင်နေစ္စတာဟာ သူရဲ့
လိဂ်ပွဲ ၅၅ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ဟာ ရီးရဲလ် မက် ဒရစ်နဲ့
တွေ့ဆုံတဲ့ ပွဲအပြီးမှာ အဆုံးသတ်ခဲ့ရပါတယ်။ ၎င်းနေ့သည် ၂၀၁၂ လိဂ်ရာသီအတွင်း
ဘာဆာ၏ စပိန်ကျွဲရိုင်း အသင်းကို ၂ ကြိမ်မြောက် အရှုံးပေးလိုက်ရတဲ့နေ့
ဖြစ်ပါတယ်။ အန်းဒရက်စ်ဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက (၂၀၁၀ စက်တင်ဘာလ)
ဘာဆာဂျာစီနှင့်အတူ ရှုံးပွဲများ လုံးဝ မတွေ့ကြုံဖူးခဲ့ပါ။
၂၀၁၁-၁၂
ရာသီအတွင်းမှာ သူဟာ ၄၆ပွဲ ကစားခဲ့ရပြီး ၈ ဂိုးသွင်းယူနိုင်ခဲ့ကာ
ဆုဖလားများစွာကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ယင်းတို့မှာ စပိန်စူပါဖလား၊
ဥရောပ စူပါဖလား၊ ကမ္ဘာ့တိုက်ကြီးများ ကလပ်ချန်ပီယံ ဖလားနှင့်
စပိန်ဘုရင့်ဖလားတို့ ဖြစ်ကြပါတယ်။ အဲ့ထဲက ၃ဂိုးဟာ ဥရောပမှာ အလှပဆုံး
သွင်းဂိုးအဖြစ် စာရင်းဝင်ခဲ့ပါတယ်။
အင်နေစ္စတာဟာ ကလပ်မှာတင်မက
နိုင်ငံအသင်းမှာလည်း ၂၀၀၆ ကမ္ဘာ့ဖလားထဲက နိုင်ငံလက်ရွေးစင် အဖြစ် ထင်ရှားစွာ
အသုံးတော်ခံနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပိုလန်နှင့် ယူကရိန်း နိုင်ငံတို့မှာ
ကျင်းပခဲ့တဲ့ Euro 2012 မှာ ပြိုင်ပွဲအတွင်း အကောင်းဆုံး ကစားသမား
အဖြစ်နဲ့သာမက ဥရောပ၏ အကောင်းဆုံး ကစား သမားအဖြစ်နဲ့ပါ ၂ကြိမ်မြောက်
အရွေးခံခဲ့ရပါတယ်။ (၂၀၀၈၊ ၂၀၁၂)
သို့သော်လည်း ၊ သူရဲ့
နိုင်ငံအသင်းနဲ့ ပတ်သက်၍ အကောင်းဆုံးကာလ ကတော့ ၂၀၁၀၊ ဇူလိုင်လ ၁၁ ရက်နေ့မှာ
ဖြစ်ခဲ့ပါတယ်။ ဟော်လန်နဲ့ နောက်ဆုံးဗိုလ်လုပွဲ အချိန်ပိုအတွင်း၊
ပွဲပြီးခါနီး နောက်ဆုံး ၄ မိနစ် အလိုမှာ လှပစွာ သွင်းယူပေးနိုင်ခဲ့လို့
စပိန်အသင်းဟာ ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင် ခဲ့ပါတယ်။
သူဟာ
ကမ္ဘာ့ဘောလုံးလောက၏ အရာအားလုံးကို သိမ်းပိုက်နိုင်ခဲ့သူ
တစ်ဦးဖြစ်လာခဲ့ပြီး ကလပ်နှင့် နိုင်ငံ အသင်း ၂ဖက်စလုံးမှာ အောင်မြင်မှု
ဆုတံဆိပ်များစွာ ပိုင်ဆိုင်နိုင်သူ အနေနဲ့ ကမ္ဘာ့ ဘောလုံးလောက၏
ထိပ်ဆုံးနေရာမှာ ဦးဆောင်သူ အဖြစ်နဲ့ နှစ်ပေါင်းများစွာတိုင်အောင် ဧကံမုချ
ဆက်လက် ရှိနေအုန်းမှာ မလွဲ ပါ။
Technical profile
အန်းဒရက်စ်သည် အလိုလိုသိမြင်ခြင်း၊ မားမားမတ်မတ်ရှိခြင်း၊ လျှင်မြန်ခြင်း၊ ဥာဏ်ရည်ဥာဏ်စွမ်း ကောင်း
ခြင်း အစရှိတဲ့ များစွာသော ကောင်းခြင်းများနှင့် ပြည့်စုံတဲ့ လူတစ်ဦး ဖြစ်ပါတယ်။ ကွင်းလယ်လူသည် လူငယ်အကယ်ဒမီမှ စတင်၍ ဘာဆာဘီမှာအထိ ကွင်းလယ်ခံစစ် နေရာတွင် စတင်ကစားခဲ့သူဖြစ်ပါတယ်။ သို့သော် သူဟာ အသင်းကြီးမှာ အတွေ့အကြုံ ရခဲ့ပြီး အဲ့နောက်မှာ တိုက်စစ်နေရာကို ပြောင်းလဲ ကစားခဲ့ပါ တယ်။ အခုချိန်မှာတော့ သူဟာ ကွင်းလယ် ဖန်တီးမှု နေရာမှာ ကျွမ်းကျင်ယုံသာမက ဘာဆာရဲ့ ရှေ့တန်း
တောင်ပံ တိုက်စစ်နေရာမှာပါ ပိုင်နိုင်စွာ ကစားနိုင်တဲ့ တိုက်စစ်မှုး တစ်ဦးလို ဖြစ်နေပါပြီ။
အင်နေစ္စတာဟာ ဘက်စုံရသူ တစ်ဦးတော့ မဟုတ်ပင်မဲ့ ပါရမီထူးတဲ့ ဘောလုံးပညာရှင် အစစ်အမှန် တစ် ဦးပါ။ အထူးသဖြင့် သူရဲ့ ပင်ကိုယ် ဘောလုံးစွမ်းရည် ထက်မြက်မှုပါဘဲ။ Fuentealbilla အရပ်ဒေသမှ လာတဲ့ ကစားသမားသည် တခြား ကွင်းလယ်တိုက်စစ်သမားများ၏ အားကျလောက်ဖွယ် စံထားရတဲ့ ကစား သမား အနေနဲ့ ဖန်တီးပုံဖော်နိုင်ခဲ့ပါတယ်။လက်တွေ့ အသုံးချမှုနှင့် ထိုးထွင်ဥာဏ်ကောင်းမှု တို့ ပေါင်းစပ် ကာ ပြိုင်ပွဲကို အကောင်းဆုံး ဖြစ်လာအောင် ဖတ်ရှုလေ့လာပြီး တဖက်နောက်တန်းကို တလစပ် ခြိမ်း
အင်နေစ္စတာဟာ ဘက်စုံရသူ တစ်ဦးတော့ မဟုတ်ပင်မဲ့ ပါရမီထူးတဲ့ ဘောလုံးပညာရှင် အစစ်အမှန် တစ် ဦးပါ။ အထူးသဖြင့် သူရဲ့ ပင်ကိုယ် ဘောလုံးစွမ်းရည် ထက်မြက်မှုပါဘဲ။ Fuentealbilla အရပ်ဒေသမှ လာတဲ့ ကစားသမားသည် တခြား ကွင်းလယ်တိုက်စစ်သမားများ၏ အားကျလောက်ဖွယ် စံထားရတဲ့ ကစား သမား အနေနဲ့ ဖန်တီးပုံဖော်နိုင်ခဲ့ပါတယ်။လက်တွေ့ အသုံးချမှုနှင့် ထိုးထွင်ဥာဏ်ကောင်းမှု တို့ ပေါင်းစပ် ကာ ပြိုင်ပွဲကို အကောင်းဆုံး ဖြစ်လာအောင် ဖတ်ရှုလေ့လာပြီး တဖက်နောက်တန်းကို တလစပ် ခြိမ်း
ခြောက်နိုင်တဲ့ ကစားသမားတစ်ဦးပါ။
ဘာဆာ နံပါတ်(၈) ဟာ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းလာသူဖြစ်ပါတယ်။ အစဉ်အမြဲ လေ့လာသင် ယူနေပြီး သူ၏ လှပတဲ့ အဝေးကန်ချက်၊ ဘယ်ညာ ခြေအစုံ ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု ၊ စတဲ့ အရည် အချင်းများနှင့် စတန်းဖို့ ဘရစ်ခ်ျ နိုင်ပွဲမှာ သူရဲ့ နောက်ဆုံး ပင့်သက်ရှိုက်မှုက ပြဇာတ်ဆန်စွာ ကမ္ဘာကြီး အား ပြသနိုင်ခဲ့ပါတယ်။
ဘာဆာ နံပါတ်(၈) ဟာ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းလာသူဖြစ်ပါတယ်။ အစဉ်အမြဲ လေ့လာသင် ယူနေပြီး သူ၏ လှပတဲ့ အဝေးကန်ချက်၊ ဘယ်ညာ ခြေအစုံ ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု ၊ စတဲ့ အရည် အချင်းများနှင့် စတန်းဖို့ ဘရစ်ခ်ျ နိုင်ပွဲမှာ သူရဲ့ နောက်ဆုံး ပင့်သက်ရှိုက်မှုက ပြဇာတ်ဆန်စွာ ကမ္ဘာကြီး အား ပြသနိုင်ခဲ့ပါတယ်။
ကလပ်နှင့်အတူ အောင်မြင်ခဲ့မှု မှတ်တိုင်
နိုင်ငံအသင်းနှင့်အတူ အောင်မြင်ခဲ့မှု မှတ်တိုင်
No comments:
Post a Comment