24 May 2014

GERARD PIQUE




ဂျရက် ပီကေးကို ၁၉၈၇ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဘာစီလိုနာမြို့မှာ မွေးဖွားခဲ့ပြီး စတင်မွေးဖွားစဉ် ထဲက ဘာစီလိုနာအသင်းရဲ့ မန်ဘာဝင်တစ်ဦးလည်း ဖြစ်ခဲ့သူပါ ။ လာမာစီယာကို ၁ဝနှစ်သား အရွယ်ထဲ က ရောက်ရှိခဲ့ကာ၊ တိုးတက်လာတဲ့ ခြေစွမ်းနှင့် အညီ လူငယ်အသင်း အဆင့်ဆင့်ကို ထူးချွန်စွာ ကျော်ဖြတ် ခဲ့နိုင်ခဲ့ပါတယ်။ ခြေစွမ်းတိုးတက်လာဖို့အတွက် သင်ကြားနေစဉ် ကာလများ အတွင်းမှာဘဲ ပီကေးဟာ သူရဲ့ အဓိကနေရာ ဖြစ်တဲ့ နောက်တန်း ခံစစ်ဗဟိုဇုံသာမက တခြား နေရာဇုံများမှာပါ အသင်းနဲ့ ကောင်းစွာ ပေါင်း စပ်နိုင်ပြီး ဂိုးများပါ သွင်းယူနိုင်တဲ့ အထိ ဂုဏ်သတင်း ကျော်ဇောခဲ့သူ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။


အဲ့ဒီနောက် ပီကေးဟာ ၂၀၀၃-၀၄ ရာသီအပြီးမှာ ဘာစီလိုနာ ကစားသမားဘဝကို စွန့်လွှတ်ပြီး မန်ယူ အသင်းမှာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပီကေး ဟာ သူရဲ့ အသင်းကြီးကစားသမားဘဝ ပွဲဦးထွက်အနေနဲ့ မန်ယူသို့ရောက်ရှိပြီး ၃ပတ်အကြာ၊ အောက်တိုဘာ ၂၆ရက်နေ့ Crewe Alexandra အသင်း နဲ့ ယှဉ်ပြိုင်ရ တဲ့ ကာလင်းဖလားပွဲစဉ်မှာ စတင်ခဲ့ပါတယ်။

ထို့နောက် မန်ယူအသင်းမှာ (၂၀၀၅-၀၆ရာသီ) ထိ ၃နှစ် ၊ ဇာရာဂိုဇာမှာ (၂၀၀၆-၂၀၀၇ရာသီ)  ၁နှစ် ကစားခဲ့ပြီးနောက် ၂၀၀၇ ရာသီမှာတော့ မန်ချက်စတာမြို့ကို ပြန်သွားခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ပြည် တွင်း ပရီမီးယားရှစ် လိဂ်ဖလားနဲ့ ဥရောပ ချန်ပီယံလိဂ်ဖလား ၂လုံး ဆွတ်ခူး အောင်ပွဲခံတဲ့ ကာလကို ကြုံကြိုက်ခွင့် ရရှိခဲ့ပါတယ်။  အမှတ်ရစရာအနေနဲ့၊ မန်ယူအသင်း၏ ဥရောပ အုပ်စုအဆင့်ပြိုင်ပွဲတွေမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အဲ့ဒီနောက်၊ ၂၀၀၈ ခုနှစ် မေလမှာ ဂွါဒီယိုလာ၏ ခေါ်ယူခဲ့မှုနှင့် ဘာစီလိုနာရဲ့ အသင်းကြီး ကစားသမား အဖြစ် တရားဝင် ခန့်အပ်ခြင်းခံခဲ့ ရပါတယ်။သူဟာ ဘာစီလိုနာနဲ့ ပွဲဦးထွက် ရာသီမှာဘဲ ပပ်ရဲ့ ခေါ်ယူခဲ့ မှုဟာ ထိုက်တန်ကြောင်း ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်။  ပီကေးဟာ ပွဲထွက် ၁၁ယောက်စာရင်းမှာ ဦးစားပေး ကစားသမားအနေနဲ့ ရွေးချယ်ရမဲ့သူ ဖြစ်လာခဲ့ကာ၊ ပြိုင်ပွဲအရပ်ရပ်အတွက် ပွဲထွက် ၄၅ပွဲတွင် ၃ဂိုး သွင်းယူ

ပေးခဲ့ပါတယ်။ ပွဲစဉ်တစ်ပွဲစီ အတွင်းမှာ ခုလို သွင်းယူပြနိုင်ခဲ့တာဖြစ်ပြီး ဘာနေဗျူးကွင်းမှာ ၂-၆ နဲ့ အနိုင်
ဖြစ်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးကတော့ ထင်ရှားတဲ့ သာဓက တစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။

ဒုတိယမြောက် ရာသီမှာတော့ ပီကေးဟာ ကပ္ပတိန်ပူယိုးလ်နဲ့အတူ ကမ္ဘာ့ အကောင်းဆုံး နောက်ခံအတွဲ များထဲမှ တစ်ခုအနေနဲ့ ဂုဏ်သတင်းကျော်ဇောလာခဲ့ပြီး လိဂ်ဖလားကိုလည်း ၂ကြိမ်မြောက်အဖြစ် ဆက် လက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တတိယမြောက်ရာသီမှာလည်း သူဟာ တခြားနောက်ခံလူများဖြစ်တဲ့ မီလီတို၊ ပူယိုးလ်တို့ ဒဏ်ရာပြသနာများနဲ့ လုံးထွေးနေမှု၊ အဘီဒယ်၏ နေမကောင်းဖြစ်ခဲ့မှုတွေကြောင့်  မရှိမဖြစ် အရေးပါတဲ့ နောက်ခံကစားသမားအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ တရားဝင်ပြိုင်ပေါင်း ၅၁ပွဲနှင့် ပွဲ ထွက်ခွင့် အရေအတွက် အများဆုံးဖြစ်ခဲ့ကာ အထင်ကရ အနေနဲ့ကတော့ အသင်းဟောင်း မန်ယူနဲ့ ပြန် ဆုံခဲ့ရတဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲဖြစ်ပြီး အဲ့ဒီပွဲမှာ ဘာစီလိုနာက အနိုင်ရခဲ့ပါတယ်။

ပီကေး၏ ဘာစီလိုနာနဲ့ ပွဲထွက် ၁၀၀ ပြည့်မြောက်တဲ့ပွဲကတော့ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ Sporting Gijón အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီး ဒုတိယပိုင်းအတွင်း ပူယိုးလ်နဲ့ အစားထိုး လူလဲခဲ့ စဉ်က ဖြစ်ခဲ့ပါတယ်။

သူရဲ့ ၄ရာသီမြောက်ခရီးမှာတော့ ဒဏ်ရာတွေကြောင့် ကွင်းနဲ့အဆက်ပြတ်ခဲ့ရပင်မဲ့ စပိန်စူပါဖလား၊ ဖီဖာ၏ ကမ္ဘာ့ တိုက်ကြီးများကလပ် ချန်ပီယံ ဖလားလုပွဲ နှင့် စပိန်ဘုရင့်ဖလားပွဲစဉ်တွေမှာ ဖလားရရှိဖို့ စွမ်းဆောင်

ပေးနိုင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ သို့သော်၊ ပေါ်တိုနှင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပ စူပါဖလားပွဲမှာတော့ဒဏ်ရာ
ကြောင့် ပါဝင်ခွင့် လွဲချော်ခဲ့ရပါတယ်။

ပီကေးဟာ စပိန်လက်ရွေးစင် လူငယ်အသင်းနဲ့အတူ ၂၀၀၄ ခုနှစ်မှာ U-17, ၂၀၀၆ မှာ U-19, ၂၀၀၇ မှာ U-20 ပွဲစဉ်တွေမှာ ဝင်ရောက် ကစားခွင့်ရခဲ့ပါတယ်။ စပိန်အသင်းကြီး လက်ရွေးစင်ကစားသမားအဖြစ် စတင် ပွဲထွက်ခွင့် ရရှိခဲ့တာကတော့ ၂၀၀၉ ခုနှစ် တောင်အာဖရိကနိုင်ငံမှာ အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင် ခဲ့တဲ့  ဖီဖာ၏ ကမ္ဘာ့တိုက်ကြီးများ ဖလား ပွဲမှာ ဖြစ်ပါတယ်။

ပီကေးဟာ စပိန်၏ ပထမဦးဆုံးသော ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးခဲ့စဉ်မှ စ၍ နိုင်ငံအသင်းရဲ့ မရှိမဖြစ် အဓိကနောက်ခံလူတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်  ဥရောပချန်ပီယံအဖြစ်နဲ့ပါ ထပ်မံ အောင်နိုင်ခဲ့ စဉ်ကလည်း အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှနေ၍ စွမ်းဆောင်ခဲ့ပါတယ်။
 

TECHNICAL PROFILE


အရပ်အမြင့် 1.92 m မြင့်မားတဲ့ ပီကေးဟာ နည်းစနစ်ပိုင်းကို အထူး ကျွမ်းကျင်ပြီး အမြင့်ဘောများ ရှင်း လင်းထုတ်ရာတွင် ထူးချွန်တဲ့ နောက်တန်း ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နောက်တန်း ခံစစ် သာမက တိုက်စစ်ကို ဘယ်လို ဖြည့်ဆည်းပေးရမလဲဆိုတာ နားလည်ပြီး ဂိုးရရှိဖို့ နေရာလွတ် ရှာဖွေပေး တတ်တာလည်း သူရဲ့ ကျွမ်းကျင်မှု တစ်ခုပါ။ sweeper တစ်ယောက်အနေနဲ့လည်း  ဗဟိုခံစစ်ဇုံ အရှေ့ နားမှာ ပြောင်မြောက်စွာ ဖျက်ထုတ်ကစားနိုင်တဲ့ အဓိက နောက်ခံကစားသမားတစ်ဦး ဖြစ်ပါတယ်။ 



ပီကေး၏ ကလပ်နှင့်အတူ အောင်မြင်မှု မှတ်တမ်း


No comments: