" ဘယ်ဘောလုံးကလပ်မှ မစွမ်းဆောင်နိုင်သေးတဲ့ ၂၀၀၉ မှတ်တမ်း "
(မေလ ၂ရက်၊၂၀၀၉) ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးမှာ ၂-၆ အနိုင်ရလဒ်နဲ့ ပပ်က သူ၏ ပထမဦးဆုံး ကိုင်တွယ်တဲ့ ရာသီမှာပဲ မဟာပြိုင်ဘက် အသင်းအား အပြတ်သတ် ချေမှုန်းနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်အတွင်း ပူယိုးလ်၏ ဂိုးသွင်းအပြီး အောင်ပွဲခံပုံစံကတော့ ဖန်များရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့ ပုံရိပ်အဖြစ်နဲ့ ယနေ့ထိတိုင် ထင်ကျန်ရစ်နေဆဲပါ။
ဤကဲ့သို့ ရီးရဲအသင်းအား အလဲထိုးနိုင်ခဲ့တဲ့အပြင် ရာသီကုန်ဆုံးချိန်မှာလည်း လိဂ်ဖလားကို သိမ်းပိုက်နိုင် ခဲ့ပါတယ်။ နောက်ထပ် ဥရောပ မျက်နှာစာမှာတော့ အင်နေစ္စတာ၏ အဖိုးတန် နောက်ကျဂိုးဖြင့် ဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ထို့နောက်၊ မန်ယူအသင်းအား (၂-၀) အနိုင်ဖြင့် ရောမမြို့ကြီးတွင် ချန်ပီယံလိဂ်ဖလားကို ထပ်မံ ဆွတ်ခူးခဲ့ပါတယ်။
The 'Pep team' triplet လို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ ရဲသုံးဖေါ်အတွဲ၏ (ရှာဗီ၊ အင်နေစ္စတာ၊ မက်ဆီ) အောင်မြင်မှုတွေက ရပ်တန့်မသွားသေးပါ။ ဘီဘောင်အိုနှင့်
The 'Pep team' triplet လို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ ရဲသုံးဖေါ်အတွဲ၏ (ရှာဗီ၊ အင်နေစ္စတာ၊ မက်ဆီ) အောင်မြင်မှုတွေက ရပ်တန့်မသွားသေးပါ။ ဘီဘောင်အိုနှင့်
စပိန်ဘုရင့်ဖလား ဖိုင်နယ်မှာ ၁-၄ အနိုင်နဲ့ တစ်ရာသီအတွင်း ဖလား ၃လုံးကို အရယူနိုင်ခဲ့ပါတော့တယ်။
အဲ့ဒီနောက် (၂၀၀၉-၁၀)ရာသီအစ၏ စပိန်စူပါဖလားမှာ ဘီဘောင်အိုအသင်းကိုပဲ နှစ်ကျော့ပေါင်း ရလဒ် (၁-၂ နှင့် ၃-၀) နဲ့ အနိုင်ယူခဲ့ကာ ၂၀၀၉ အတွင်း ၄ကြိမ်မြောက် ဆုဖလားကို ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး၊ ရှယ်တာဒိုးနက်စ်နဲ့ ဥရောပ စူပါဖလားပွဲစဉ်မှာလည်း (၁-၀) နဲ့ အနိုင်ရခဲ့ကာ၊ ၂၀၀၉ ဒီဇင်ဘာ ၁၉ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့တိုက်ကြီးများဖလား ဖိုင်နယ်ပွဲစဉ်မှာလည်း ဆုဖလားကို ထပ်မံ ရရှိခဲ့လို့ ကမ္ဘာ့ ဘယ်ဘောလုံးကလပ်မှ မစွမ်းဆောင်နိုင်ခဲ့တဲ့ အရာအားလုံးကို တစ်နှစ်တည်းမှာ သိမ်းကြုံးယူဆောင်နိုင်ခဲ့ပါတယ်။
No comments:
Post a Comment