17 May 2014

La Masia de Can Planes ( La Masia )





လာမာစီယာဆိုတဲ့အသံကြားလိုက်တာနဲ့တင် ကမ္ဘာ့ဘောလုံးဝါသနာရှင်တွေအားလုံးဟာဘာဆာအသင်းကြီးရဲ့ ကြယ်ပွင့်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ၊ အခုအချိန်ထိလည်းလူငယ်ကြယ်ပွင့်ပေါင်းများစွာကို မွေးထုတ်ပေးနေဆဲဖြစ်တဲ့ ဘာဆာအသင်းကြီးရဲ့လူငယ်အကယ်ဒမီ သင်တန်းကျောင်းဆိုတာကို မပြောလည်း သိနေကြမှာဖြစ်ပါတယ် ။








အဲ့ဒီဘာဆာအသင်းကြီးရဲ့ အသည်းနှလုံး လာမာစီယာကို ကျွန်တော်တို့တူးဆွကြည့်ရအောင်လားဗျာ ။1954ခုနှစ်မှာ ဘာဆာအသင်းဟာ ပြည်နယ်ရဲ့ဂေဟာတစ်ခုဖြစ်တဲ့ လာမာစီယာကိုဝယ်ယူခဲ့ပါတယ် ။

ရည်ရွှယ်ချက်ကတော့ အသင်းရဲ့ကိုယ်ပိုင်ကွင်းဖြစ်တဲ့ Camp Nouကိုတည်ဆောက်နေချိန်မှာ ဗိသုကာပညာရှင်တွေ ၊အင်ဂျင်နီယာတွေ နဲ့ ဆောက်လုပ်ရေးသမားတွေနေထိုင်နိုင်ဖို့အတွက် ရည်ရွယ်ဝယ်ယူခဲ့တာဖြစ်ပါတယ် ။ Camp Nou ဆောက်လုပ်ပြီးခဲ့တဲ့ အချိန်မှာတော့ အဆိုပါဂေဟာကို ပိတ်ထားခဲ့လိုက်ပါတယ် ။

1966.Sept.26 မှာတော့ ဂေဟာကိုပြန်လည်ပြုပြင်ချဲ့ထွင်ပြီး အသင်းရဲ့ရုံးချုပ်အဖြစ် အသုံးပြုခဲ့ပါတယ် ။1979 ခုနှစ်မှာတော့ တစ်ချိန်မှာအသင်းရဲ့ မန်နေဂျာဖြစ်လာမယ့် ဂျိုဟမ်ခရိုက်ရဲ့ အကြံပေးချက်အရ ထပ်မံချဲ့ထွင်ပြီး လူငယ်လေ့ကျင့်ရေးကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါတယ် ။

ပင်ကိုယ်ဘောလုံးပါရမီရှိပြီး အရည်အချင်းရှိတဲ့ အသက် 6 - 15 နှစ်ကြားလူငယ်တွေကို ရှာဖွေနိုင်ဖို့ ကာတာလန်ဒေသမှာ ကင်းထောက် 15ယောက် ၊ စပိန်ပြည်တွင်းမှာ 15ယောက် ၊ကမ္ဘာအနှံမှာ 10ယောက် စုစုပေါင်း အယောက် 40 နဲ့ရှာဖွေစေပါတယ် ။

နှစ်စဉ်နှစ်တိုင်းလူငယ်အယောက် 1000ကိုရှာဖွေစေပြီး အကောင်းဆုံး 200ကို ဇကာတင်ရွေးချယ်လေ့ ရှိပါတယ် ။အဲ့လိုရွေးချယ်ရာမှာလည်း လာမာစီယာကျောင်းတော်ရဲ့ ရွေးချယ်မှု့အပိုင်းဟာတခြားဥရောပအကယ်ဒမီတွေနဲ့ ကွဲပြားခြားနားလေ့ရှိပါတယ် ။

ဥရောပအကယ်ဒမီအများစုဟာခန္ဓာကိုယ်အချိုးအဆက် ၊ အရပ်အမောင်း ၊ ကြံ့ခိုင်မှုအပိုင်းတွေကို ဦးစားပေးရွေးချယ်လေ့ရှိပေမယ့်လာမာစီယာကျောင်းတော်ကတော့ လူငယ်လေးတွေရဲ့ ဘောလုံးပါရမီ ၊ ကျွမ်းကျင်မှု့တွေကိုဦးစားပေးရွေးချယ်လေ့ရှိပါတယ် ။Ballon D'Orဆုကို လေးနှစ်ဆက်တိုက်ဆွတ်ခူးထားတဲ့ လီယိုနယ်မက်ဆီဟာ အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်ပါတယ် ။

မက်ဆီဟာ လာမာစီယာကိုရောက်ရှိလာခဲ့တဲ့အချိန်မှာအရပ် 4' 7"လောက်သာရှိခဲ့ပြီး ၇ွယ်တူလူငယ်လေးတွေရဲ့ အရပ် 5' 5"နဲ့နှိုင်းယှဉ်ရင်သေးငယ်လွန်းနေခဲ့ပါတယ် ။ အခြားဥရောပအကယ်ဒမီတွေဆိုရင် သေချာပေါက်ငြင်းပယ်ကြမှာဖြစ်ပေမယ့်လာမာစီယာကျောင်းတော်ကတော့ လက်ခံခဲ့ပါတယ် ။

အဲ့လိုလက်ခံခဲ့လို့လည်း ဒီနေ့ခေတ်ရဲ့အကောင်းဆုံးဘောလုံးသမားကို ကမ္ဘာကမြင်တွေ့အားပေးခွင့်ရခဲ့တာပဲ ဖြစ်ပါတယ် ။လာမာစီယာကျောင်းတော်ကို ဝင်ရောက်ခွင့်ရခဲ့တဲ့ လူငယ်လေးတွေဟာတော်ရုံ ဇွဲ ၊ သတ္တိ ၊ ကြိုးစားမှု့မျိုးနဲ့တော့ အသင်းကြီးဆီကို တက်လှမ်းလာနိုင်ဖို့ဆိုတာမလွယ်ရေးချမလွယ်ပါ ။

7 နှစ်သားလေးရဲ့ ဘောလုံးကစားဟန်ဟာ စီနီယာကစားသမားတွေရဲ့ကစားဟန်အတိုင်းပဲရှိနေရမယ်ဆိုတဲ့ ကျောင်းတော်ရဲ့ကြွေးကြော်သံအောက်မှာ အားကုန်ထုတ်ကြိုးစားနိုင်ပါမှ တော်ရုံကျမှာဖြစ်ပါတယ် ။ တစ်နေ့မှာ စီနီယာကစားသမားတွေလို ဖြစ်ကိုဖြစ်လာရမယ်လို့ ခိုင်မာတဲ့ယုံကြည်ချက်မျိုး ထားရှိကြိုးစားနိုင်မှသာ လုံလောက်မှု့ရှိမှာဖြစ်ပါတယ် ။

အာရုံစူးစိုက်ကြိုးစားတဲ့ လူငယ်လေးတွေအတွက်scholarship ပေးအပ်လေ့ရှိတာကလည်း ပိုမိုကြိုးစားချင်စိတ်ဖြစ်ချင်စရာပါ ။ှScholarship အပ်နှင်းခံရတဲ့ လူငယ်လေးတွေကို အသင်းက အစစအရာရာထောက်ပံ့သင်ကြားပေးပြီး ကြိုးစားမှုမရှိတဲ့ သူတွေကိုတော့ လာမာစီယာကျောင်းတော်က ဆက်လက်ထွေးပွေ့ထားမှာမဟုတ်ပါဘူး ။

ကျောင်းတော်သားတွေကို သင်ကြားစောင့်ရှောက်ပေးဖို့ အသင်းနည်းပြ ၊ဆရာဝန် ၊ အာဟာရဗေဒပညာရှင် ၊ အရိုးအဆစ်ပညာရှင် ၊ စားဖိုမှုးတွေအပါအဝင် ဝန်ထမ်းပေါင်း 70ကျော်ကိုလည်း ခန့်အပ်တာဝန်ပေးထားပါတယ် ။သင်ကြားမှု့အပိုင်းမှာဆိုရင်လည်း အခြားဥရောပအကယ်ဒမီတွေနဲ့မတူ တမူထူးခြားတာဟာလာမာစီယာကျောင်းတော်ပါပဲ ။

အသက် 7 နှစ်အရွယ်ကစားသမားလေးတွေကို အခြားဥရောပအကယ်ဒမီတွေဟာ ဘောလုံးပညာရဲ့သဘောတရားတွေ ၊ သေနင်္ဂဗျူဟာတွေကိုသင်ကြားပေးလေ့မရှိပေမယ့် လာမာစီယာကျောင်းတော်ကတော့ သင်ကြားပေးလေ့ရှိပါတယ် ။

ဘောလုံးနဲ့တွဲပြီးပြေးနိုင်စွမ်း ၊ ပေးပို့မှု့အထူးတိကျရေး နဲ့ ဖန်တီးနိုင်စွမ်းတွေကို အခေါက်ခေါက်အခါခါ သင်ကြားလေ့ကျင့်ပေးပါတယ် ။ ဒါ့အပြင် Total Football ရဲ့သဘောတရားကိုလည်း ကျေညက်အောင် သင်ကြားပေးလေ့ရှိပြီး ဘာဆာအသင်းကြီးမှာ ကစားနေတဲ့ Total Football နဲ့ရောစပ်ထားတဲ့ စပိန်ရိုးရာကစားဟန် တစ်ချက်ထိ (သို့) နှစ်ချက်ထိလေ့ရှိတဲ့Tiki-Taka ကစားဟန်ကိုလည်း ငယ်စဉ်ကတည်းက သင်ကြားပေးလေ့ရှိပါတယ် ။

သင်ကြားရေးမှာ နောက်ထပ်ထူးခြားမှု့တစ်ခုကတော့ ဘောလုံးအားကစားနည်းတစ်ခုတည်းကို သင်ကြားပေးခြင်းမျိုးမဟုတ်ပဲ ဘောလုံးလောကအတွင်း ပြောဆိုနေထိုင်မှု့ကိုလည်း သင်ကြားပေးတာပဲရှိပါတယ် ။"

ကစားသမားလေးတွေဟာ ဘောလုံးကစားနည်းကိုလှပတဲ့အမြင် ဆွဲဆောင်မှု့ရှိတဲ့ တိုက်စစ်ကစားဟန်မျိုးနဲ့ပဲ ကစားစေချင်ပါတယ် ။ သူတို့လေးတွေပါးစပ်က ငွေကြေးပမာဏတွေအကြောင်း ပြောဆိုနေတာမျိုးကို ကျွန်တော်တို့မလိုလားပါဘူး "လို့ Folguera ကပြောခဲ့ပါတယ် ။

ကာတာလန်ဒေသရဲ့ပြယုဒ်အဖြစ် ရပ်တည်နေတဲ့ လာမာစီယာ ကျောင်းတော်သားတွေရဲ့90% ဟာစပိန်နိုင်ငံအတွင်းမှ ဖြစ်ကြပြီး အဲ့ဒီအထဲကမှ 50% ဟာ ကာတာလန်ပြည်နယ်ဖွားတွေပဲဖြစ်ကြပါတယ် ။

" ကာတာလန်နွယ်ဖွားကစားသမားတွေ အများစုပါဝင်နေတဲ့ ကျွန်တော်တို့ ဘာဆာနဲ့ အသင်းရဲ့ပရိသတ်တွေကြားက ဆက်သွယ်မှုဟာ နက်ရှိုင်းစွာတည်ရှိပါတယ် " လို့လာမာစီယာရဲ့ အကောင်းဆုံးထွက်ကုန် ကြယ်ပွင့်ကစားသမား ပီးကေးက ပြောခဲ့ပါတယ် ။အခုအချိန်မှာဆိုရင် လာမာစီယာကျောင်းတော်ဟာ ဥရောပကလပ်အသင်းတွေက စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်လာခဲ့ပါပြီ ။ လာမာစီယာကျောင်းတော်ထွက်ဆိုရင်မလေးမခန့်မပြုရဲလောက်အောင်လည်း ခြေစွမ်းပြထားနိုင်ခဲ့ကြပါတယ် ။

ဂျိုဟမ်ခရိုက်ရဲ့လက်ထက်မှာဆိုရင်လည်း အကောင်းဆုံးထွက်ကုန်တွေ ဖြစ်ခဲ့တဲ့Pep Guardiolo , Luis Milla , Guillermo Amer , Sergi Barjuan , Ivan dr la Rena တို့နဲ့လင်းလက်နိုင်ခဲ့ကြသလိုလာမာစီယာရဲ့ကြယ်ပွင့်ကစားသမား နဲ့ အကောင်းဆုံး ကြယ်ပွင့်နည်းပြဂွာဒီယိုလာလက်ထက်မှာလည်း မက်ဆီ ၊ ဇာဗီ ၊ အင်နေယေစတာ ၊ ပက်ဒရို ၊ ပူရိုး ၊ ပီးကေး ၊အဲဗက်စ် တို့နဲ့ ဥရောပအောင်မြင်မှု့ပေါင်းများစွာကို သိမ်းပိုက်ကိုင်မြှောက်နိုင်ခဲ့တဲ့အထိကျောင်းတော်သားတို့ဟာ ခြေစွမ်းထက် ကစားထားခဲ့ကြပါတယ် ။


နောက်ထပ်လည်း သီးပွင့်လာအုံးမယ့် လူငယ်တွေဖြစ်ကြတဲ့ ------တယ်လို ၊ ကျူအန်ကာ ၊ ဒယ်လော့ဗျူး ၊ ဆာဂျီယို ရီဘတ်တို ၊ မွန်တိုယာ ၊ ဘာထရာ ၊ တီယာဂိုတို့အပြင်အဝေးရောက်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ---ရေနာ ၊ အတီတာ ၊ ဒေါ့ဆန်းတို့ ၊ ဘိုဂျန်ကာကစ် ၊ အဖယ်လေ တို့နဲ့အတူလာမာစီယာကျောင်းတော်ကြီးရဲ့ ဂုဏ်သတင်းဟာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်တဲ့ မုန်တိုင်းတစ်ခုလိုမျိုး ဥရောပမြက်ခင်ပြင်တွေပေါ်မှာ ပြေးလွှားပျံသန်းနေအုံးမှာပဲ ဖြစ်ပါတော့တယ် ။

No comments: