ဘာစီလိုနာ၏ သမိုင်းတစ်ခု။ ။ 1922-1957 ( ဒုတိယပိုင်း) ဒီကာလဟာ အသင်းရဲ့ ကွင်းဟောင်း လပ်စ်ကော့တ်စ် ကွင်းကနေ ကွင်းသစ်ကြီး ကမ့်နူးကို မပြောင်းခင် ကာလပါ.။ 1922 မှာ တရားဝင်စတင်ဖွင့်လှစ်ခဲ့တယ့် လပ်စ်ကောတ့် ကွင်းဟာ ဘာကာ ရဲ့ ရွှေခေတ် တစ်ခုဖြစ်တယ့် 1919-1929 ကာလမှာ အဓိကပါဝင်နိုင်ခဲ့ပါတယ်။
ဒီ လပ်စ်ကော့တ်စ်
ကွင်းမှာ အောင်မြင်မှုတွေ ရလို့ ပျော်ခဲ့ရသလို စိတ်ပျက်ဖွယ်ရာတွေကိုလဲ
ကြုံတွေခဲ့ရပါတယ်. ။ 1930 ပြည့်နှစ်မှာတွေ့ရတယ့် အခက်အခဲတွေ အများကြီးပါ။
မက်ဒရစ်ဖန် စပိန်အာဏာရှင် ဖက်ဆစ်သမား ရီဗာရာ ဟာ ကွင်းကို ပိတ်ခိုင်းပြီး
ပြည်တွင်းစစ်အတွက် စစ်စခန်းအဖြစ် အတင်းအကျပ် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့်
ဒီကွင်းဟာ ဆက်လက်ရှင်သန် နိုင်ခဲ့ပြီး ဘာကာ သမိုင်းကို
အကောင်းဆုံးရေးထိုးပေးခဲ့ပါတယ်။1920 ပြည့်နှစ်လွန်က ဂန္တ၀င် ကစားသမား
ဆမ်မီတီယာ၊ 1950 ပြည့်နှစ်ကျော်ကာလက ကုဗလ၊ နောက်
အခြားကစားသမားကောင်းအမြောက်အမြား၊ ပရိသတ်တိုးပွားလာမှုတွေနဲ့အတူ Blaugrana
သမိုင်းကို စတင်ထုဆစ်ခဲ့တာ ဒီကွင်းမှာပါ။
ရွှေရောင်နေ့များ
စတင်ခြင်း။ ။ 1919 ကနေ 1929 ထိ ဆယ်စုနှစ် တစ်ခုဟာ ဘာကာသမိုင်းမှာ ပထမဆုံး
ရွှေခေတ်ပါ။ အဲဒီကာလအတွင်းမှာ ဆမ်မီတီယာ၊ အယ်လ်ကန်တာရာ၊ ဆန်ချို၊ ဆာဂျီ၊
ပီရာယာ၊ တို့ဟာ ကလပ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်ပြီး ခက်ခဲတဲ့ အခြေအနေကို
ဖြတ်ကျော်နေရတယ့် ကာတာလန်လူအဖွဲ့အစည်းတစ်ခုလုံးအတွက် လပ်စ်ကော့တ်
ကွင်းထဲမှာ စည်းလုံးမှုတွေ၊ စွမ်းရည်တွေ၊ ဆုဖလား အောင်မြင်မှုတွေကို
ရယူနိုင်ခဲ့ပါတယ်.။
1922 မေလ20 ရက်နေ့မှာ
ကွင်းကို တရားဝင် စတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။ကွင်း ရဲ့
ချစ်စနိုးနာမည်ပြောင်ကတော့ Cathedral of Football ဘောလုံးလောက ရဲ့
ဘုရားကျောင်းတော်ကြီးပါ။ စတင်ဆောက်လုပ်စဉ်က ၀င်ဆံ့ပရိသတ် 30000 သာ
ဆံ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဆ 60000 ထိ
တိုးချဲ့နိုင်ခဲ့ပါတယ်.။ငါးနှစ် ကြာပြီးနောက် 1928-29 ရာသီမှာတော့ ဘာကာ ဟာ
သမိုင်းမှာ ပထမဆုံး လာလီဂါချန်ပီယံဆု ကို ရယူနိုင်ခဲ့ပါတယ်.။
24,25,26,27,28 တွေမှာ ကာတာလန် ချန်ပီယံဆု, 25, 26, 28 တွေမှာ
စပိန်ချန်ပီယံဆု ရခဲ့တယ့် ကလပ်အတွက် ဒီဆုဖလားက ပိုမို ဂုဏ်တင့်စေခဲ့ပါတယ်။
ဒီပထမဆုံး လာလီဂါ ဆုဖလားဟာ ဆိုစီဒက်နဲ့ နှစ်ကျော့ ကစားပြီး ရခဲ့တာဖြစ်ပြီး
အသင်းအတွက် သူရဲကောင်းကတော့ ဂိုးသမား ဖရန့်ဇ် ပလတ်ကိုပါ...။
မှောင်မိုက်သော
နေ့ရက်များ။ ။1920 ကာလကျော်တစ်ဝိုက်မှာတော့ ဘာကာအသင်းမှာ
စည်းလုံးမှုပျက်ပြားလာစေမယ့် သဘောထားကွဲလွဲမှု ကြီးတွေရဲ့
ရှေ့ပြေးနမိတ်တွေကို တွေ့နေရပြီ။14ရက် 6လပိုင်း 1925 ခုနှစ်မှာတော့
လပ်စ်ကော့တ်စ်ကွင်းက ဘာကာပရိသတ်အတော်များများဟာ စပိန်အာဏာရှင်
ရီဗာရာကိုရော၊ စပိန်အမျိုးသားရေး တွေကိုပါ တညီတညွတ်တည်း ဆန်ကျင့်
လှောင်ပြောင်ခဲ့တယ်.။
အဲဒီအတွက် ဖက်ဆစ် ရီဗာရာ
ဟာ ဘာကာကွင်းကို ခြောက်လထိ ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်.။
နောက်ပိုင်းမှာတော့ သုံးလဘဲ ပိတ်ခိုင်းခဲ့ပေမယ့် ဥက္ကဌ ဂျိုဟမ်ဂမ်ပါ ကို
ရာထူးကနေ စွန့်ခွာဖို့ အတင်းအကျပ်ညွှန်ကြားခဲ့တယ်။ငါးနှစ်ကြာတယ့်နောက်
30ရက်နေ့ 6လပိုင်း 1930 မှာ ဥက္ကဌ ဂျိုဟမ်ဂမ်ပါ ဟာ ကိုယ့်ကိုယ်ကို
အဆုံးစီရင်ခဲ့ပါတယ်။
ဒါပေမယ့် ကလပ်မှာ
ဗင်ထရိုလာ၊ ရိုက်ခ်ျ၊ အက်စ်ကိုလာ စတယ့် ကစားသမားကောင်းတွေနဲ့
ရှေ့ဆက်နိုင်ဆဲပါ။ စပိန် ကိုတော်လှန်တယ့် ဖြစ်စဉ်ဟာ ကွင်းထဲကိုပါ
ကူးစက်လာပါတော့တယ်.။ အရင်က တော်လှန်မှုတွေထက်ပိုပြင်းထန် အားပါတယ့်
တော်လှန်မှုတွေကို ကွင်းကြီးထဲမှာ ညီညွတ်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ အဓိကပြသာနာကြီးသုံးရပ်ကို ကြုံတွေခဲ့ရတယ်.။
1
..စီးပွားရေးပိုင်း 2.ဆက်ဆံရေးပိုင်း 3 ပရိသတ်ဦးရေ အဆက်မပြတ်
လျော့ကျမှု.....1930 ကနေ 1938 အတွင်း 8 နှစ်မှာ ကာတာလန် ချန်ပီယံ
6ကြိမ်ဖြစ်ခဲ့ပေမယ့် စပိန်နိုင်ငံလုံးဆိုင်ရာအောင်မြင်မှုတွေကတော့
မရှိသလောက်ပါဘဲ။
ပြည်တွင်းစစ်၏
ဆိုးကျိုးသက်ရောက်မှု။ ။ ပြည်တွင်းစစ် စတင်ပြီး တစ်လ အကြာ မှာ ဘာကာဥက္ကဠ
ဂျိုးဆက် ဆူညို ဟာ ဗိုလ်ချုပ်ဖရန်ကို တပ်သားတွေသတ်ပစ်တာကို ဂွာဒါလာဂျာရာ
အနီးမှာ ဖြစ်ပျက်ခဲ့တယ်။ ကလပ်က ကစားသမားတွေကတော့ အမေရိကန် နဲ့ မက္ကဆီကို
အသင်းရံပုံငွေခရီးစဉ်အတွက် ပါဝင်သွားလို့ သုတ်သင်ခံရမယ့် အရေးက
လွတ်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ထဲက တော်တော်များများဟာ
ဘာစီလိုနာမြို့ကိုပြန်မလာနိုင်တော့ဘဲ မက္ကဆီကို၊ ပြင်သစ် စတဲ့ နိုင်ငံတွေမှာ ပြည်နှင်ဒဏ်ကြောင့် သောင်တင်နေခဲ့ရပါတော့တယ်.။
16
ရက် မတ်လ 1938 မှာတော့ ဖက်ဆစ်တွေဟာ ဘာစီလိုနာအသင်းရဲ့
လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ နေရာတစ်ခုကို ဗုံးတွေချခဲ့လို့
ပရိသတ်အတော်များများပြင်းထန်တဲ့ ထိခိုက်မှုတွေ၊ သေကျေဒဏ်ရာရမှုတွေ
ကြုံတွေ့ခဲ့ရပါတယ်။လအနည်းငယ်ကြာပြီးနောက်မှာ ဘာစီလိုနာမြို့ဟာ
ဖက်ဆစ်လက်အောက်ရောက်ခဲ့ရသလို ကာတာလန်ပြယုဂ် ဘာဆာအသင်းဟာလဲ ပြသနာအကြီးအကျယ်
ကြုံနေခဲ့ရလို့ ပရိသတ် ဦးရေ ကလဲ 10 ပုံ 1 ပုံလောက်ဘဲ ကျန်တော့တာပါ။
1940
မှာ ဖရန်ကိုနဲ့ ပေါင်းခဲ့တယ့် သစ္စာဖောက် ပီနေရို ဟာ ဘာဆာဥက္ကဌ
ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲ ကလပ်ရဲ့ နဂိုနာမည် Futbol Club Barcelona
ကို more Spanish Club de futbol Barcelona လို့ ပြောင်းခဲ့ရပါတယ်.
။အဲဒီနာမည်ကို 1973 ထိ ခံယူခဲ့ရတယ်။
အခက်အခဲတွေက
ရုန်းထွက်လာခဲ့ပြီ။ ။ ဘာကာ အတွက် အဲဒိကာလဟာ တော်တော်ဆိုးပါတယ်. ။
ရီးယဲလ်နဲ့ ကန်တယ့်ပွဲတွေမှာဆို ဘာကာကစားသမားတွေကို ရဲတွေ၊ ဒိုင်လူကြီးတွေ၊
အပြင် ဖက်ဆစ်သမား ဘာကာဥက္ကဌ ပင်နဲရိုး တို့က ခြိမ်းချောက်ရန်ရှာခဲ့ပါတယ်။
သိပ်မကြာခင် ဥက္ကဌ လဲ ရာထူးကနေ နှုတ်ထွက်လိုက်ပါတော့တယ်။
ဘာကာ
ဟာ တဖြည်းဖြည်း ပြန်လည်ထူထောင်လာခဲ့ပါပြီ။ ကလပ်ရဲ့ နှစ်50
ပြည့်အခမ်းအနားရောက်တဲ့ အချိန် 1949 မှာတော့ ကလပ်ပရိသတ် 30000 လောက်ထိ 10 ဆ
လောက်ပြန်တိုးလာခဲ့သလို ကာတာလန်ချန်ပီယံဆု 21 ကြိမ်၊
ကာတာလန်ရှုံးထွက်ဖလား9ကြိမ်နဲ့ လာလီဂါချန်ပီယံဆု 4 ကြိမ်
ရခဲ့ပြီးပါပြီ။ ဂန္တ၀င်ကစားသမား ကုဗလ နဲ့ ဖလားငါးလုံးအကြောင်း။ ။ 1950 မှာ
ကုဗလ စတင်ရောက်ရှိလာပါတယ်.။
အဲဒီအချိန်မှာ
ဘာကာကွင်းကို ဆက်လက်တိုးခဲ့မှုတွေလုပ်နိုင်ခဲ့သလို ၀င်ပြိုင်တယ့်
ဖလားတိုင်းမှာလဲ အောင်ပွဲခံနိုင်ပါတယ်.။ 1951-53 အထိဘောလုံးရာသီ 2 နှစ်အတွင်း
ဘာကာဟာ လာလီဂါချန်ပီယံဆု 2 ကြိမ်၊ ဘုရင့်ဖလား 2 ကြိမ် ရယူခဲ့ပါတယ်။
ဒီကာလမှာ ရယူခဲ့တဲ့ ဖလားငါးလုံးစံချိန်ကတော့ LaLiga, Copa Del Ray, Copa
Llatina, Copa Duarte, နဲ့ Copa Rossi စတာတွေပါ။ ဘာဆာ တိုက်စစ်မှာ ဘာဆိုရာ၊
ကုဗလ၊ မန်ရှီယွန်၊ ဗီလာ၊ ဆီဆာ စတယ့် ကစားသမားကောင်းတွေ နဲ့
အကောင်းဆုံးတိုက်စစ်အင်အားစု ဖြစ်ခဲ့တာပါ။သူတို့ကို ချီးကျုးတယ့်
ပရိသတ်တွေရဲ့ ဂုဏ်ပြုသီချင်းတွေက ကျယ်လောင်နေပါတော့တယ် ။
ဆောင်းပါးရှင် ♦ ချက်ကီ ဘဲလေး
No comments:
Post a Comment