ဒီနေ့တော့ နံနက်စောစော
မိုးသံလေးတွေတစ်ဗျောဗျောမှာ အခန်းတံခါးပိတ် ၊ ကွန်ပြူတာရှေ့မှာ ကော်ဖီ ခွက်လေးအသာတင်လို့ ၊ တရားခွေလေးဖွင့် တော်တော်လေးအေးချမ်းတဲ့
နံနက်ခင်းလေးပါလားဗျာ။ လာလီဂါကလည်းပြီး ၊ ကမ္ဘာဖလားကလည်း မစသေးတော
နေရထိုင်ရတာပျင်းနေတယ်ဗျာ။ ပေခ်ျမှာလည်း သတင်းတင်ဖို့ လိုက်စုနေတာပိုပြီးခတ်လာပါရောလား ။ ဒါပေမယ့်
ကျွန်တော့်တို့အက်မင်တွေ အနေနဲ့တော့ ကိုယ်ပေခ်ျကို အားပေးတဲ့လူတွေ
မပျင်းအောင် တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားသွားမှာပါ။
ခုအချိန်ကစလို့ ကမ္ဘာဖလားနီးလာတယ်ဆိုတော့ ကမ္ဘာဖလားနဲ့ ပတ်သက်တဲ့ ဘာကာကစားသမားတွေရဲ့ သတင်းတွေကို မပျက်တင်ဆက်ပေးသွားမှာ ဖြစ်သလို ၊ အပြောင်းအရွှေ့ အလှုပ်အခပ်များ ၊ သတင်းထူး များကို ပေခ်ျပရိသက်များအနေနဲ့ ပေခ်ျကိုမမေ့သွားအောင် တင်ဆက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒီအတောအတွင်း လုပ်ဆောင်မယ့် အချက်လေးများပဲဖြစ်ပါတယ် ။ ပရိသက်များအနေနဲ့ သိလို ၊ အကြံပြုလို သောကိစ္စများရှိပါကလည်း ဝေဖန်မေးမြန်းနိုင်ပါတယ် (မည်သည့်ဖန်မဆို) ။ ကျွန်တော် တို့ Camp Nou Rhythm Page အနေနဲ့သာမက ဘာကာဖန်များအနေနဲ့ပါ ဘောလုံးဝါသနာတူ ပရိသက် များအဖြစ်သာ ခံယူရန်ဆန္ဒရှိပါတယ် ။
ကျွန်တော်တို့ဘာစီလိုနာအသင်းကတော့ ဒီရာသီမှာ ဆယ်စုနှစ်တစ်စုအတွင်းအဆိုးဝါးဆုံး ရာသီအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ ဆိုရတော့မှာပါ ။ ဖလားရခြင်း မရခြင်းဆိုတာထက် ပိုတဲ့အခြေအနေတွေကြောင့် အဆိုးရွားဆုံးရာသီလို့ ဆိုရတာဖြစ်ပြီး ဖလားလက်မဲ့ရာသီထက် ဒီရာသီမှာ အသင်းက အဓိက ကစား သမားတွေ အနားယူ ၊ ဒါဏ်ရာရ ၊ ထွက်ခွါသွား ဆိုတဲ့ခါးသီးတဲ့မြင်ကွင်းတွေ၊ အသင်းရဲ့ကြယ်ပွင့် ကစား သမား မက်စီရဲ့ ခြေစွမ်းကျဆင်မှုကြောင့် တစ်ဦးချင်းဆုဖလားတွေနဲ့ပါ ဝေးကွာနေတာတွေ ၊ တချို့ပွဲစဉ်တွေ မှာ ဘာကာဖန်တိုင်းနှစ်ချိုက်မက်မောရတဲ့ တီကီတာကာ ကစားကွက်ရသ မပေါ်လွင်တာတွေ လိုမျိုးထိခိုက် မှုတွေကြောင့်ပါ ဒီရာသီက ဖလားမရတာထက်
ဘာကာဖန်တစ်ယောက်အနေနဲ့ အဲ့ဒိအခြေအနေမျိုးကို ပိုခံစားစိတ်ထိခိုက်ရပါတယ် ။ ဒါ့အပြင် အသင်းရဲ့ ကံကြမ္မာကပါ ဒီနှစ်မှာအဆိုးဘက်ကိုပဲများနေတာတွေ့ရပြီး နေမာရဲ့ အရောင်းအ၀ယ်မသမာမှုကြောင့် အသင်းသိက္ခာကျခဲ့ရသလို ၊ ဥက္ကဌပိုင်းအထိ လှုပ်ခတ်သွားခဲ့ပါတယ် ။ ဒါ့အပြင် ဖီဖာရဲ့ဝေဖန်ပြစ်တင်မှုတွေ
ကြောင့် ဗီလိန်ဖြစ်ခဲ့ရပြီး ကစားသမားဝယ်ယူခွင့်ဆိုတာဒီရာသီပြီးရင်တောင် မတင်မကျမခြေအနေမှာရှိနေ ပါသေးတယ် ။ ဒါအပြင် နည်းပြဟောင်းဗီလာနိုဗာကွယ်လွန်ခြင်းက ဘာကာနဲ့ပတ်သက်နေတဲ့အတွက် ဒီနှစ်မှာ မြန်မာအယူအဆအရဆိုရင် နမ်နိမ့်နေတယ်ပဲပြောမလား ၊ ကံမွဲနေတယ်လို့ပဲဆိုရမလားပါပဲ။
ဒါပေမယ့် ကံဆိုး ၊ ကံကောင်းခြင်းဆိုသည်ထက် ပိုအရေးပါသည်က အလုပ်ဟုသာ ထင်မိပြီး အသင်းသာ အကောင်းဆုံး ဖျော်ဖြေမှုများပေးရန်သာ မျှော်လင့်ခဲ့သလို ဘာကာအနေနဲ့လည်း လာလီဂါ နောက်ဆုံးပွဲ စဉ် ရောက်သည့်အထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရာများကိုဖန်တီးပေးခဲ့သည့်အတွက် ဘာလိုပဲ ဖြစ်နေနေ အသင်းကို ကျေးဇူးတင်မိတာတော့ အမှန်ပါ။ နောက်ရာသီအတွက် ဘာစီလိုနာအသင်းမှာ အပြောင်းအလဲ
တွေ များစွာဖြစ်နေမှာတော့အသေအချာပါပဲ ။ တစ်ချက်ချင်းဆီကျွန်တော်အမြင် ပြောရရင်တော့.....
နည်းပြ
--------
ဘောလုံးတစ်သင်းအနေနဲ့ ဖလားရဖို့အဓိကလိုအပ်တာ နိုင်သင့်တဲ့ပွဲနိုင်ဖို့နဲ့ မရှုံးသင့်တဲ့ပွဲမရှုံးဖို့ပါပဲဒီစကားက ပေါ့ပေါ့လေးလို့ထင်ရပေမယ့် သေချာတွေးရင်ကျယ်ပြန့်ပါတယ် ။နိုင်သင့်တဲ့ပွဲဆိုတာ ကိုယ်ထက် အစစအရာရာအားနည်းတဲ့ အောက်သင်းတွေကို အနိုင်ရဖို့ပါ ။ မရှုံးသင့်တဲ့ပွဲမရှုံးဖို့ကျ အသင်းကြီးတွေကို အနိုင်မရတောင် သရေကစားဖို့ပါ ။
ဒါက အမှတ်ပေးဇယားကို သေချာလေ့လာရင်တွေ့နိုင်ပြီး
နိုင်သင့်တဲ့ပွဲတွေမှာ အမှတ်ရမယ် ၊ မရှုံးသင့်တဲ့ပွဲတွေမှာ နေရာတည်မြဲနေမယ့် သချာင်္သဘောတရားအတိုင်းပါပဲ ။
အချိန်တန်ရင် နိုင်သင့်တဲ့ပွဲကို အနိုင်မယူနိုင်ခဲ့တဲ့ အသင်းက အောက်ကိုအလိုအလျှောက် ရောက်သွားတာပါပဲ ။
ကျွန်တော်တို့ ဘာကာကိုဒီရာသီမှာလေ့လာမယ်ဆို မရှုံးသင့်တဲ့
ပွဲတွေမရှုံးပေမယ့် နိုင်သင့်တဲ့ပွဲတွေဖြစ်တဲ့ ဆိုဆီဒက် ၊ ဗယ်လာဒိုးလစ် နဲ့ ဂရန်နာဒါ တို့ကိုရှုံးခဲ့ခြင်းကပဲ ချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားတာပါ ။ ဘီဘာအို ၊ ဗလင်စီယာတို့ကို
ရှုံးခဲ့သော်လည်း နိုင်သင့်သောပွဲများတွင်ထည့်သွင်းသက်မှတ်မရပါ ။ ပြိုင်ဘက် အက်သလက်မှာ နိုင်သင့်သည့်ပွဲ တစ်ပွဲကိုသာ ရှုံးထားပြီး ( အယ်မာရီးယား) ၊ ရီရဲလ်မှာမူ နိုင်သင့်သည့်ပွဲများအားလုံးကို အမှားအယွင်း မရှိအောင်ပွဲခံထားသည်ကိုတွေ့ရသည် ။ သူ့အနေဖြင့်မရှုံးသင့်သောပွဲများဖြစ်သည့် အက်သလက် ၊ ဘာကာ ၊ ဆီဗီလာ တို့ကိုရှုံးထားမိသဖြင့်သာ ချန်ပီယံဆုလွဲခဲ့ခြင်းဖြစ်သည် ။ ( ဒီစာပိုဒ်ဖတ်ပြီး မသောက်ရသေးပဲ မူးကုန်ပြီထင်၏ )
ဒီရာသီမှာ ကျွန်တော်တို့ ဘာကာအနေနဲ့ နိုင်သင့်တဲ့ပွဲ ၃ပွဲအထိရှုံးခဲ့ရခြင်း၏ အဓိကတရားခံမှာနည်းပြကြောင့်ဟုသာ ကျွန်တော်စွပ်စွဲချင်တယ် ။ အသင်းကို ကစားအားအတင်အချလုပ်သည်ကိုသိပ်မတွေရသလို့ ၊ ကစားသမာတွေရဲ့စိတ်ဓာတ်ပိုင်း စိုးမိုးရာ၌လည်း အားနည်းလွန်းတယ်လို့မြင်မိတယ် ။ ဒါအပြင် အသင်း၏ခြံပေါက် နည်းပြမဟုတ်ခြင်းကြောင့်လည်း ဒါဏ်ရာကြောင့်အနားယူသော ကစားသမားများနေရာတွင် လူငယ်ကစားသမားအစားထိုးရာတွင် ထူးခြားမှုမရှိပဲ၊ သူ၏လက်ထက်တွင် လာမာစီယာထွက်များမှ
ခြေစွမ်းပြသော ကစားသမားမှာဘာထရာ တစ်ယောက်သာလောက်လောက်လားလားထွက်ပေါ်ခဲ့သည် ။ ဒါတောင် ပီကေးအခြေအနေကြောင့်သာမဟုတ်လျှင် သိပ်ပြီးသုံးမည့်
အခြေအနေမရှိပါ ။ မာတီနီု ဘက်မှပြန်ကြည့်လျှင်လည်း အပြစ်မဆိုသာချေ နည်းပြမှတ်တမ်း ဥရောပမှာမရှိ ၊ ကစားသမားအရှိန်အ၀ါမြင့်မားလှသော ဘာစီလိုနာတွင် သာမန်နည်းပြတစ်ယောက်အတွက် ဘယ်လိုမှ မမှီသဖြင့်သြဇာသက်ရောက်မှုပိုင်းမှာပါကွာခြားသည့်အပြင် ပြိုင်ဘက်နည်းပြတိုင်းလိုလိုမှ ကစားသမားကိုသာဂရုစိုက်သလိုဖြစ်နေပြီး နည်းပြ၏အခန်းကို မေ့ထားနိုင်လောက်သည်အထိ ပုံရိပ်မှေးမှိန်လှသော သူ့ကိုဥရောပအသင်းကြီးစာရင်းဝင်ဘာစီလိုနာကို ထိုးအပ်ခဲ့သည့် ဘုတ်အဖွဲ့ကိုပဲအပြစ်တင်ရမလို ။ အစောပိုင်း သတင်းများအရ မက်စီကိုယ်တိုင်ထောက်ခံသဖြင့် ခေါ်ရသကဲ့သို့ အသံထွက်ပေါ်ခဲ့သော်လည်း ၊ ထိုအချိန်တွင် နေမာ၏ တိုးတိုးတိတ်တိတ်ကိစ္စအားလူအများသတိမမူမိစေရန်သတင်းလုံး
လိုက်ခြင်းသာဖြစ်ကြောင်း ဘရာဇီးဂျာနယ်လစ်များကဝေဖန်ခဲ့ပါတယ် ။
ရာသီသစ်တွင်တော့ အသင်းအနေဖြင့် နည်းပြသစ်တစ်ယောက်သေချာပေါက်ခေါ်ယူမည်ဖြစ်ပြီး ၊ မည်သူရောက်မည်ဆိုသည်ကို အတတ်ပြောရခတ်သော်လည်း ရောက်မည့်
နည်းပြသည် ကိုယ်ပိုင် အိုက်ဒီယာရှိပြီး ကစားသမား နှင့် နည်းပြအချင်းချင်းလေးစားနိုင်လောက်တဲ့ အရည်အချင်းမျိုးပိုင်ဆိုင်တဲ့ နည်းပြတစ်ယောက်ဖြစ်မှသာ အဆင်ပြေနိုင်မှာပါ ။ လက်ရှိအချိန်တွင်တော့ ဘာစီလိုနာ ကစားသမားဟောင်း လူးဝစ် အင်းနရင် အသင်းကိုတစ်ကျော့ပြန်ရောက်ရှိမှာ ဖြစ်တဲ့ အတွက် အသင်းကို ကိုင်တွယ်
ရာမှာ နည်းပြဟောင်းမာတီနိုထက် အသင်းနှင့် ပိုပြီးအသားကျမည်ဟုထင်မိပြိး၊ အသင်းအပေါ်တွင် ခံစားချက်ထားရာတွင်လည်း ပိုမိုပြင်းထန်မည်ဟုယူဆရပါတယ် ။
ဂိုး
--
နောက်ရာသီမှာတော့သေချာပေါက် သွေးသစ်တွေ့ရမယ့်နေရာပါ ။ ၀ါရင့် ဂိုးသမား ဗဲလ်ဒက်က မိုနာကို ကိုပြောင်းဖို့သေချာသလောက်ရှိနေသလို ။ ပင်တိုအနေနဲ့လည်း အသင်းကနေထွက်ခွါမယ်လို့ဆိုပါတယ် ။ အဲ့ဒိအတွက် ဘာကာကလည်း ဂျာမနီဂိုးသမားလေး စတီဂန်ကိုခေါ်ယူထားပြီးဖြစ်ပါတယ် ။ ဒါပေမယ့် တစ်ယောက်တည်း နဲ့တော့ အဆင်မပြေသေးပါဘူး ဒီရာသီမှာလို ဗဲလ်ဒက်မထင်မှတ်ပဲ အနားယူရတဲ့အချိန်မှာ ဖလားတွေထိုင်ယူနေပြီး ဂိုးမဖမ်းရတဲ့ ပင်တို ၀င်ဖမ်းရတဲ့ အခြေအနေမျိုးတော့ မရောက်စေချင်ပါဘူး ။ အဲ့ဒိအတွက် ပွဲထွက်ဂိုးသမား ဒဏ်ရာရခဲ့ရင် အရန်ဂိုးသမားကလည်း အစွမ်းရှိဖို့လိုပါတယ် ။ လက်ရှိအနေနဲ့ အသင်းက မာလာဂါ ဂိုးသမား ကာဘယ်လီယို နဲ့ အက်သလက်ဂိုးသမား ကော်တိုရစ်ပါချိန်ရွယ်တယ်လို့ သတင်းတချို့ရှိပေမယ့် ကော်တိုရစ်ကတော့ သိပ်မသေချာလှပါဘူး ။ သူတို့ နှစ်ယောက်လုံးမလာရင်တော့ ဘာကာအနေ
နဲ့ဘယ် ဂိုးသမားတွေကို ခြေလှမ်းဦးမလဲ မသိနိုင်သလို အစောပိုင်း ကလပ်ကထုတ်ပြန်ထားသလို ဘာစီလိုနာ(ဘီ)က ဂိုးသမားလေး အော်တိုလာ ကိုခေါ်ယူမယ်သတင်းတွေထွက်ခဲ့ပေမယ့်
ခုလက်ရှိမှာတော့ ဘီအသင်းမှ ဂေါ်ဒီ မာဆစ် ကို ယူရို (၃၅) သန်းတန်စာချုပ်နဲ့ အသင်းကြီးကိုခေါ်ယူထားတယ်လို့ သိရပါတယ် ။
နောက်တန်း
------------
ဒီရာသီမှာကျွန်တော် အခံရအခတ်ဆုံးနေရာလို့ဆိုရပါမယ် ။ ရှုံးပွဲအတော်များများတွင် နေရာမမှန် ၊ လူမမှန်
သော အားနည်းချက်များကြောင့် ဘာကာပရိတ်သက်များ၏
ပျော်ရွင်ခြင်းများ ကို ဆိတ်သုန်းအောင်လုပ်ခဲ့သော နေရာဖြစ်ပါတယ် ။ ပူယိုးလ် တစ်ယောက် ဒဏ်ရာဖြင့် အနားယူချိန်တွင် ဖြည့်စည်းပေးရန် ဗဟိုခံစစ် ကစားသမား နည်းပါးလှသော ဘာကာ၏ ကစားသမားပြသနာမှာ သိသာစွာ အထိနာခဲ့ပါတယ် ။ ဘာကာမှာ တောင်ပံခံစစ် ကစားသမားများအဖြစ် အက်ဒီယာနို ၊ မွန်တိုရာ တို့ကို သုံးနိုင်သော်လည်း ဗဟိုခံစစ်နေရာအတွက်မူ အတိန်းအစောင်းခံနိုင်သော ကစားသမား မရှိခဲ့ခြင်းမှာ ပူယိုးလ်အပြင် ၊ ပီကေးပါ နာသောအချိန်တွင် ပိုသိသာလာခဲ့သည် ။ရာသီသစ်တွင် ပူယိုးလ်းမှာ အနားယူရန်သေချာနေပြီး ၊ အဲလ်ဗက် မှာလည်း အသင်းပြောင်းနိုင်ချေများနေတယ် ။ ပီကေးပြန်ပါလာနိုင်ပေမယ့် မာရှေရာနို လို ကွင်းလယ်အဖျက်
ကစားသမားကပါဝင်ကစားနေရတဲ့ နောက်တန်းမှာအားနည်းနေဦး
မည်ဖြစ်ပါတယ် ။
ဒါ့ကြောင့် အသင်းအနေနဲ့ ရာသီသစ်မှာ နောက်တန်းပိုင်းကို ပိုမို အားဖြည့်လာနိုင်ပါတယ် လက်ရှိမှာလည်း ဟမ်းမဲလ် ၊ ဗီဒယ် ၊ ဒေးဗစ်လုဇ် ၊ လာပေါ့တီ ၊ အဂ္ဂါ ၊ ကျူဒိုရာဒို တို့ကဲ့သို့ ကစားသမားများကို ချိန်ရွယ်နေကြောင်း သိရပြီး ရာသီသစ်မှာ ဘယ်သူရောက်မလဲ ဆိုတာထက် ခေါ်ယူမည့် ကစားသမား ၃ယောက်စလုံးမှာ
နိုင်ငံလက်ရွေးစင်အသင်းများတွင် ရွယ်ချယ်ခံရဖွယ်ရှိနေသော အဓိကကစားသမားများဖြစ်နေပြီး ၀ယ်ယူပြီးမှ ဒါဏ်ရာနှင့် စောင့်စားရမည့်အဖြစ်ကိုသာ ပိုပြီးစိုးရိမ်မိပါတယ် ။ ၀ယ်မယ့်စာရင်းမှာ တောင်ပံ့ခံစစ် ကစားသမား မပါဝင်နေတာကြောင့်လည်း အဲလ်ဗက်နေရာအတွက်ပါ ဆိုးရိမ်မိပါတယ် ။ ဒါ့အပြင် ဘာကာရဲ့ဗဟိုခံစစ် သမားရဲ့ အရည်အချင်းကတော်တော်မလွယ်လှပါဘူး တောင်ပံ ခံစစ်နှစ်ဖက်လုံးက အမြဲလိုလို တိုက်စစ်အားသန်နေတဲ့အတွက် တစ်ဖက်သအသင်းရဲ့ တန်ပြန်တိုက်စစ်ကို မာမာထန်ထန်တုန့်ပြန်တတ်ပြီး ခံစစ်မှာ အဓိက အားသာတဲ့ကစားသမားမျိုးက ပိုလိုအပ်တယ်လို့ ကျွန်တော့အနေနဲ့ မြင်မိပါတယ် ။ ပြီးတော့ တစ်ဖက် အသင်းရဲ့ ထောင့်ကန်
ဘောတွေရဲ့ ခြိမ်းခြောက်မှုကို အရပ်အမောင်းမြင့်မားပြီး မာမာထန်ထန် ကစားနိုင်တဲ့ဗဟိုနောက်ခဲလူမျိုးပိုလိုအပ်တယ်လို့ မြင်မိပါတယ် ။ ဒေစ်ဗစ်လုစ် ကို ဘာကာအနေနဲ့သတင်းတွေထွက်နေပေမယ့် မော်ရင်ဟို လက်ထက်မှာ ကွင်းလယ်အထိ ၀င်ကစားခိုင်းခံထားရတဲ့ ဒီကစားသမားရဲ့ အရှေ့တက်လိုမှု စိတ်ဓာတ်ကြောင့် ခေါင်းတက်တိုက်
တတ်နေတဲ့ ပီကေးကိုပါ တွဲဖက်မြင်ယောင်တဲ့အခါ ကျွန်တော့အနေနဲ့ ခံစစ်ကို ပိုဆိုးရိမ် မိပါတယ် ။ အဲ့ဒီနေရာမှာ နောက်တန်းတာဝန်ကို ပိုစိတ်ဝင်စားတဲ့ ဟမ်းမဲလ် ၊ လာပေါ့တီ တို့ကို ပိုမိုတောင်းတမိပါတယ် ။
ကွင်းလယ်

-----------
ဇာဗီး အသက်အရွယ် ရလာမှုကြောင့် အနည်းငယ်အင်အားလျှော့ခဲ့ရပြီး အင်နီယေစတာ နှင့် ဘတ်စကွက်တို့ အနည်းငယ် အလုပ်ပိုရှုပ်ခဲ့ရသည့် နှစ်တစ်နှစ်ဟု
ဆိုရမှာပါပဲ ။ ပြီးခဲ့သည့်နှစ်က ခံစစ်ပိုင်းပြသနာ အရမ်းမကြီးခဲ့လို့ ကွင်းလယ်မှာ ဖျက်အားကောင်းကောင်းကစားတတ်တဲ့ မာရှေရာနိုတစ်ယောက် ခံစစ်ဆင်းကစားနေ
ရတာတွေက ဘတ်စကွက်ကို ပိုပြီး ပင်ပန်းစေခဲ့ပါတယ် ။ ဖာဘရီဂတ် လည်းကစားချိန်ပိုမိုရပြီးထောက်ပံ့မှုတွေလုပ်နိုင်ပေမယ့် အသင်းအတွက်တော့ လိုအပ်ချက်ကို
ပြည့်မီအောင် စွမ်းဆောင်ရာမှာအားနည်းချက်တွေ ရှိခဲ့ရပါတယ် ။ တချို့ပွဲစဉ်တွေမှာ တီကီတာကာ ပျောက်ဆုံးနေသည့်အထိ ၀မ်းနည်းစရာကောင်းလှတဲ့ပွဲတွေကို
ကျွန်တော်တို့ ချန်ပီယံလိဂ် မှာရော ၊ လာလီဂါ ပီခါနီးပွဲတွေမှာပါ တွေ့ကြုံခဲ့ရတာတော့ အားလုံးသတိထားမိမှာပါ ။ ဒါ့အပြင် ရာသီသစ်အတွက် ကွင်းလယ်ပိုင်းမှာ
ဇာဗီးကို အချိန်ပိုင်းဆုံးရှုံးနိုင်သလို့ ဖာဘရီဂတ် ကိုတော့ သေချာပေါက်နီးနီး တွေ့ဆုံရဖို့ကမရှိတော့သလောက်ပါပဲ ။
ဒီလိုနေရာမျိုးတွေကို ပုံမှန်ပြုပြင်ဖြည့်တင်းဖို့ အသင်းအနေနဲ့ ကွင်းလယ် ကစားသမားတွေကိုလည်း ပစ်မှတ်ထားနေတာ အားလုံးအသိပါ ။
တချိန်ကခေါ်ယူဖို့ ကြိုးစားဖူးတဲ့ မာတီးနက်ဇ်(ဘိုင်ယံ) ၊ အိုဇေး ၊ မာကိုစ့်ရူစ် ၊ အစရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားထားပါတယ် ။ ဒါပေမယ့် ကွင်းလယ်ပိုင်းကလည်း မဖြည့်စီးလို့ မဖြစ်တဲ့နေရာမှာ ရှိနေသေးပေမယ့် ဘာကာပရိသက်တိုင်းနှစ်သက်တဲ့ တီကီတာကာ ကိုပိုမိုမြင်တွေ့လိုတယ်ဆိုရင်တော့ အဲဗာတန်မှာ ကစားနေတဲ့ ဒယ်လိုဖျူ
တို့လိုလာမာစီယာ ကျောင်းတော်ဖွားတွေနဲ့ ခေတ်တစ်ခေတ်ပြန်လည်ထူထောင်တာက ပိုပြီးသင့်တော်နိုင်ပါတယ် ။ သေချာ ဆန်းစစ်ရင်တော့ ကွင်းလယ်ပိုင်းအနေနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး လုပ်စရာမလိုအပ်သေးတဲ့ နေရာလို့ယူဆပါတယ် ။
တိုက်စစ်
-----------
ဂိုးသမား ၊ နောက်တန် ပြီးရင် ကျွန်တော် အဆိုးရိမ်ဆုံးနေရာပါ ။အဲ့လိုပြောလို့ မက်ဆီကို မယုံ ၊ နေမာကို အထင်သေးတာမဟုတ်ပါ ၊ လက်ရှိမှာ အဓိက တိုက်စစ်အတွက်
လှုပ်ရှားနေတာ မက်ဆီ ၊ နေမာ ၊ ဆန်းချက် ၊ တယ်လို ၊ပီဒရို တို့ကို အသုံးပြုနေပါတယ် ။ ဒါပေမယ့် အဲ့ဒိတိုက်စစ်ပိုင်းမှာ နေမာတစ်ယောက် ကတသီးတသန့် ဆန်အောင် ကစားနေရသလိုဖြစ်နေပြီး အသင်းမှာရှိတဲ့ ဘယ်တိုက်စစ်မှူးနဲ့ မှ ကောင်းကောင်းတွဲ မကစားနိုင်ခဲ့ပါဘူး ။ မက်စီနဲ့ နေမာ နှစ်ဦးလုံး ကစားရင် နေမာတစ်ယောက် ဘယ်တောင်ပံ ဧရိယာ အစပ်မှာ တိုင်ပတ်နေတာက နည်းပြရဲ့ လိုအပ်ချက်ပေလားလို့ သံသယဖြစ်မိပါတယ် ။ အဲ့ဒိ ပြသနာအပြင် မက်ဆီ ဒဏ်ရာရတတ်တဲ့
ရာသီအစောပိုင်းကာလမျိုးတွေအတွက် ဆိုးရိမ်မိတာပါ ။ ဒါ့အပြင် တိုက်စစ်မှူး ဆန်းချက်ကိုလည်း ဂျူဗင်တပ် ကစိတ်ဝင်စားနေပြီး ၊ တယ်လိုကိုလည်း စိတ်ဝင်စားနေ
တဲ့အသင်းတွေရှိနေတဲ့အတွက် တိုက်စစ် ပိုင်းမှာ အဓိက တိုက်စစ်မှူး တစ်ယောက်နာယုံနဲ့ တော်တော်လေး အခတ်တွေ့နိုင်တဲ့ နေရာအဖြစ်ထင်ထင်ရှားရှားကြီး ဖြစ်နေပါတယ် ။ ဒါ့ကြောင့်လည်း အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးတစ်ဦးဖြည့်တင့်ဖို့ကို ရာသီသစ်အစီအစဉ်ထဲမှာ တစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ် ။ အာဂျင်နွယ်ဖွား အဂူရို
ကို စိတ်ဝင်စားတယ်လို့ သတင်းထွက်ခဲ့သော်လည်း ကစားသမားကိုယ်တိုင် စိတ်မပါသဖြင့် အပြောင်းအရွှေဖြစ်ပေါ်လာဖို့က တော်တော်လေး နည်းပါတယ် ။ အသင်းအနေ
ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက် ၊ လီဗာပူး တိုက်စစ်မှူး ဆွာရက် ကိုပါ ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေသော်လည်း သတင်းတွေက ရေရာမှုမရှိလှပါဘူး ။
အဲ့ဒီလို မသေချာတဲ့ တိုက်စစ်ပိုင်းခေါ်ယူမှုတွေသာရှိနေတဲ့ အခြေအနေမှာ ဆန်းချက်ကိုပါ ရောင်းထုတ်လိုက်မယ်ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်က အရံအင်အားဟာအတော်လေးအားနည်းသွားမှာကတော့ သေချာသလောက်ပါ ။ ဒါ့အပြင် အသင်းရဲ့ စိတ်ဝင်စားမှုခံထားရတဲ့ ကစားသမားတွေကလည်း လက်ရှိဆိုင်ရာကလပ်တွေမှာ
နေရာရ ကစားသမားတွေ ဖြစ်နေတာကြောင့်လည်း အပြောင်းအရွှေ့ဖြစ်ပေါ်ရင်တောင် ဘဏ္ဍာရေး ကြီးထွားမှုကို တွေ့လာရမယ့်ပုံပါပဲ ။ တိုက်စစ်ပိုင်းခေါ်ယူ ရာမှာ
နာမည်ကြီး ၊ ပုံမှန်ပွဲထွက် ကစားသမားဆိုရာထက် ဘာကာလိုအသင်းအနေနဲ့ အသင်းနဲ့ အံဝင်မယ့်ကစားသမားကို အရွေးမမှားဖို့ကပိုအရေးပါမယ်လို့ထင်ပါတယ် ။
အရွေးမှားလို့ အီဗရာဟီမိုဗစ် ရဲ့ အသင်းအပေါ် အမြင်မကြည့်တဲ့ အပြောတွေနဲ့ အသင်းကနေပြန်လည်ရောင်းချခဲ့ရတဲ့ အဖြစ်တွေကို သာဓက ဖြစ်ခဲ့ရပြီး ။ တန်ဖိုးရှိခဲ့တဲ့
ခေါ်ယူမှုမျိုးမှာဆိုရင် ဒေးဗစ်ဗီလာ ပါဝင်တယ်လို့ မြင်မိပါတယ် ။ အသင်းရဲ့ တိုက်စစ်ပိုင်းခေါ်ယူမှုကလည်း အပြောင်းအရွှေ့ရာသီမှာ စိတ်ဝင်စားစရာ အဖြစ်ရှိနေဦးမှာပါ ။
အသင်း ဥက္ကဌ ဘာတိုမြူ အနေနဲ့လည်း ယူရို သန်း၁၂၀ အထိ အသုံး

ပြုပြီး အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်မယ်လို့ ကတိက၀တ်တွေ ရှိထားတဲ့ အတွက်
တော်ရုံတန်ရုံ ဘော်လုံးအသင်းအတွက် ဘောလုံးကွင်းတစ်ကွင်း ကို
တည်ဆောက်နိုင်လောက်တာထက်ငွေပိုသုံးထားတာ ဖြစ်တဲ့အတွက် မဆိုးဘူးလို့
ဆိုလို့ရပါတယ် ။
ဘယ်လိုပဲဖြစ်နေနေပါ ကျွန်တော့ အနေနဲ့
ကိုယ်တစ်ယောက်တည်း အမြင်ကို ဖွင့်ချမိတဲ့အတွက်
အမှားတွေအများကြီးပါနိုင်ပါတယ် ။ ဒါပေမယ့် သေချာတာတစ်ခုကတော့
အသင်းကို
တန်ဖိုးထားတဲ့ စိတ်ကြောင့်ဒီလိုအမြင်တွေ ဖြစ်ကုန်တာလို့ပဲ
ဆင်ခြေပေးပါရစေတော့ ..။ လာမယ့် အပြောင်းအရွှေ့ရာသီမှာ အသင်းရဲ့ကစားသမား
ဝယ်ယူမှုက
ကိုယ်ထင်မြင်ထားတဲ့ ကစားသမားတွေ ဖြစ်မဖြစ်
ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပြီး ၊ ရာသီသစ်မှာ အသင်းအနေနဲ့ အောင်မြင့်မှုတွေ
ပြန်လည်ဆောင်ယူနိုင်မယ်လို
မျှော်လင့်လျှက် .......ဘာကာ...ဘာကာ....ဘာကာ
No comments:
Post a Comment