ကားလ်စ်ပူယိုးလ်သည် ကလပ်မှတ်တမ်းတွင် သာမက၊ ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ ကလပ်အသီးသီး ၏ မှတ်တမ်းများထဲမှာပါ ဥိးစွာ သမိုင်းကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့တဲ့ ကပ္ပတိန်တစ်ယောက် ဖြစ်တယ်လို့ ယူဆ ရမှာပါ။ (၂၀၀၉) ခုနှစ်မှာ ခမ်းနားထည်ဝါစွာ ဖော်ကျူးခွင့်ရခဲ့တဲ့ 'sextet' လို့ ခေါ်တဲ့ လူ ၆ယောက် တီးခတ် ရတဲ့ သံစုံတီးဝိုင်းကြီး၏ တီးဝိုင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် တခြားမည်သည့်ကလပ်၏ ခေါင်း
ဆောင် တစ်ဦးတစ်လေမျှ ပူယိုးလ်ကဲ့သို့ အခွင့်အရေး မရရှိခဲ့၍ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် နွေမှာ ဖလားလက်မဲ့၊ အောင်မြင်မှုနတ္တိ ဖြစ်နေတဲ့ အသင်းကို ချက်ချင်း ဦးမော့လာစေဖို့ ဂျိုးဇက် ဂွါဒီယိုလာနဲ့ တီတို ဗီလာနိုဗာတို့ နှစ်ဦးကသာ ချွင်းချက်အနေနဲ့ ဘယ်သူမှ မထင်မှတ်ထားဘဲ၊ အားလုံးကို မှင်သက်အံ့သြမှုဖြစ်စေအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဖရန့် ရီကတ်ဒ်၊ ရော်နယ်ဒယ်ဟိုတို့ရဲ့ ၂နှစ်ဆက်တိုက် လာလီဂါတွင် ဦးဆောင်နိုင်မှု မရှိတဲ့ ပြသနာကို (၂၀၀၇-၀၈) ရာသီအကုန် ကမ့်နူးမှ ထွက် ခွာစေမှုနဲ့ ဖြေရှင်းလိုက်အပြီးမှာ နည်းပြသစ် ဂွါဒီယိုလာက မိမိတို့၏ လာမာစီယာ လူငယ် ကျောင်းတော် သားများကို အခြေခံပြီး အသင်းကို ပြန်လည် တည်ဆောက်ခဲ့ပါတယ်။
အဲ့ဒီအချိန်က အသင်းရဲ့ အမာခံ ဒေါက်တိုင်များ ဖြစ်ကြတဲ့ ရော်နယ်ဒင်ဟို၊ ဒေကို အစရှိတဲ့ ကစားသမား အများစုကို ပပ်က ရဲ့ဝင့်စွာ စွန့်ပယ်လိုက်ပြီး မက်ဆီ၊ ရှာဗီ၊ အင်နေစ္စတာ၊ ဗဲလ်ဒက်စ် အစရှိတဲ့ မိမိတို့ ခြံ
ပေါက် လူငယ်လေးများအား နေရာအလိုက် ရွေးချယ်လိုက်ပါတယ်။ ဤသို့ ပြုပြင်လိုက်ခြင်းကြောင့် တခြား တဖက်တွင် ပူယိုးလ်ဟာ သူ၏ အရည်အချင်းမှန်များကို ပြသနိုင်ဖို့ အခွင့်အလန်းကောင်းများ ရရှိခဲ့ပါတယ်။
ပူရီဟာ သူရဲ့ ဘယ်ဘက်လက်မောင်းမှာ ကတ်တလန်အလံ လက်ပတ်ကို ဝတ်ဆင်ထားတဲ့ တာဝန်နဲ့ အညီ လျော်ကန်စွာ နေထိုင်ခဲ့သူ တစ်ယောက်ပါ။ ကွင်းပေါ် ကစားနေစဉ်မှာလည်း ပြောင်မြောက်စွာ စွမ်း
ဆောင်နိုင်ယုံ သာမက၊ အဝတ်လဲခန်းအတွင်းက အသင်းသားတွေရဲ့ စိတ်ခံစားချက်များကိုပါ ဖြေဖျောက် ကူညီပေးဖို့အတွက်လည်း ဘယ်တော့မှ မပျက်ကွက်ခဲ့တဲ့၊ တာဝန်ကျေလွန်းတဲ့ ခေါင်းဆောင်ကောင်း ပီသ သူ တစ်ယောက် ဖြစ်ပါတယ်။
ဂွါဒီယိုလာ၏ ဟောပြောပို့ချမှု ဖြစ်တဲ့ 'Adn Barça' ၏ အဓိပ္ပါယ်သည် ဖန်တီးမှု အရည်အသွေး ရှိခြင်း၊ ရဲဝင့် စွာ တိုက်စစ်ဆင်ခြင်း၊ ဘောလုံး အပေးအယူ ကောင်းမွန်ခြင်းတို့သာ မဟုတ်ဘဲ အကောင်းဆုံး ကြံ့ခိုင်သန် စွမ်းမှု၊ အမြင့်မားဆုံး အားစိုက်ထုတ်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတို့က ပွဲချိန်ပြည့် မိနစ် ၉၀လုံးလုံး ရှိနေဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ ပူယိုးလ်ဟာ ပပ်ရဲ့ ပထမဦးဆုံး တပည့်တစ်ဦး ဖြစ်လာခဲ့ရပါ တယ်။
( ပူယိုးလ် နှုတ်ဆက်ပွဲ အမှတ်တရ..)
No comments:
Post a Comment